BEC-TERO TV

Facebook က အခြား App တွေကို လမ်းခွဲဖို့အရေး ‘ဒေါ်နယ်ထရမ့်’ ခေါ်ယူဆွေးနွေး

20 Sep 2019     1,438 Views


Facebook ရဲ့ အမှုဆောင်အရာရှိချုပ် ‘မက်ခ်ဇူကာဘတ်’ ဟာ သူပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အကြီးဆုံး လူမှုယက် ပလက်ဖောင်းတွေဖြစ်တဲ့ WhatsApp, Instagram တို့ကို လက်တွဲဖြုတ်ပစ်ဖို့ တိုက်တွန်းချက်ကို ငြင်းပယ်ခဲ့တာကြောင့် စက်တင်ဘာလ ၁၉ ရက် ကြာသပတေးနေ့က အမရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဝါရှင်တန် လွှတ်တော်အမတ်များပါဝင်တဲ့ အဖွဲ့တွေနဲ့ သွားရောက်တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြားခဲ့ရပါတယ်။
 
 
‘ဇူကာဘတ်’ ဟာ လူမှုကွန်ယက်တွေမှာ ပြဿနာတွေဝိုင်းနေတဲ့ ဒီဂျစ်တယ်လွပ်လပ်ခွင့်၊ ယှဉ်ပြိုင်မှု၊ ဆင်ဆာတည်းဖြတ်မှုတွေနဲ့ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ကြော်ငြာတွေ ပွင့်လင်းမြင်သာမှု စတဲ့ ကိစ္စပေါင်း သောင်းခြောက်ထောင်အတွက် မေးခွန်းတွေကို Facebook ရဲ့ ကိုယ်စား သွားရောက် ဖြေရှင်းခဲ့ရတာဖြစ်ပါတယ်။
 
ဒီဆွေးနွေးမှုဟာ အနာဂါတ်အတွက် အင်တာနက် နည်းဥပဒေတွေ ပိုကောင်းအောင်ရေးဆွဲဖို့ကို အဓိကအလေးထားပြီး ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
 
ဥပဒေရေးဆွဲသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒီမိုကရက် ဆီးနိတ်လွှတ်တော်အမတ် ‘Mark Warner’ က ဒီဂျစ်တယ်လုံခြုံမှုဆိုင်ရာကိစ္စနဲ့ပက်သက်ပြီး ‘ဇူကာဘတ်’ ကို ဖြေရှင်းဖို့ ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ‘Warner’ အပါအဝင် အခြားသော တရားဥပဒေပြုသူများနဲ့ ‘ဇူကာဘတ်’ 
တို့ သီးသန့်ညစာစားပွဲမှာ တွေ့ဆုံခဲ့ပါတယ်။ ‘Warner’ ဟာ Facebook ရဲ့ ဒေတာအချက်အလက်တွေ ကာကွယ်မှုပိုင်းဆိုင်ရာ နဲ့ ကိုယ်ရေးအချက်လက်တွေ တလွဲအသုံးချခဲ့တဲ့ ကိစ္စတွေကို မနှစ်တုန်းက ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သူပါ။
 
 
ရီပါဘလစ်ကန်ပါတီရဲ့ အားထားရတဲ့ လူတစ်ယောက်လည်းဖြစ် လွှတ်တော်အမတ်လည်းဖြစ်တဲ့ ‘Josh Hawley’ ကတော့ Facebook နဲ့ ပက်သက်ပြီး အွန်လိုင်းပေါ်မှာ ကျယ်ကျယ်လောင်လောင် ဝေဖန်ပြောဆိုမှုတွေ အများဆုံးလုပ်တဲ့သူလည်းဖြစ်ပါတယ်။ သူက ‘ဇူကာဘတ်’ နဲ့ ပွင်းပွင့်လင်းလင်း စကားပြောဖို့ရှိပါတယ်လို့ ဆိုခဲ့ပေမယ့် ဒီကိစ္စက ဖြစ်မလာသေးပါဘူး။
 
‘Hawley’ က သူ့ရဲ့ တွစ်တာပေါ်ကနေ Facebook ဟာ သီးသန့်လွပ်လပ်ခွင့် Privacy နဲ့ ယှဉ်ပြိုင်မှု Competition အပိုင်းတွေမှာ သိသိသာသာ ဘက်လိုက်နေတယ်လို့ ပြောဆိုခဲ့ပြီး တောင်းဆိုမှုနှစ်ခုနဲ့ စိန်ခေါ်ခဲ့ပါတယ်။ 
ပထမတစ်ခုက WhatsApp နဲ့ Instagram ကို ရောင်းပစ်ရန်၊ ဒုတိယတစ်ခုက ဆင်ဆာတည်းဖြတ်ခြင်းကို အခြားကုမ္ပဏီ တစ်ခုခုအား လွပ်လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် တို့ဖြစ်ပါတယ်။
 
ဒီအချက် ၂ ချက်လုံးကို ‘ဇူကာဘတ်’ က ‘No’ မလုပ်နိုင်ဘူးလို့ ပယ်ချခဲ့တဲ့အတွက် အခုလို မေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
 
ကြာသပတေးနေ့ ညပိုင်းမှာတော့ ‘ထရမ့်’ က သူ့ရဲ့ Facebook နဲ့ Twitter တို့ပေါ်မှာ ‘ဇူကာဘတ်’ နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ပုံ တင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာတွေဆွေးနွေးပြောဆိုခဲ့လဲ ဆိုတာကိုတော့ အသေးစိတ်ဖော်ပြမထားပါဘူး။
 
 
အိုဗယ်လ်ရုံးခန်းမှာ ဒီနေ့ ‘မတ်ခ်ဇူကာဘတ်’ နဲ့ တွေ့ရတာ ဝမ်းသာပါတယ်” လို့သာ ဖော်ပြထားခဲ့ပါတယ်။
 
WhatsApp နဲ့ Instagram တို့ဟာ ကမ္ဘာ့အကြီးမားဆုံး လူမှုကွန်ယက်တွေအဖြစ် Facebook နဲ့အတူတူ နေရာရယူထားတဲ့ ကုမ္ပဏီကြီးဖြစ်နေတာနဲ့အညီ အချက်လက်ဒေတာတွေ ထိန်းချုပ်တဲ့အပိုင်းကိုလည်း မချွင်းမချန်အသိပေးဖို့ကို လိုလားနေတာဖြစ်ပါတယ်။
 
WhatsApp, Instagram နဲ့ Facebook တို့ကို တစ်ကွဲတစ်ပြားစီဖြစ်ဖို့ ဆန္ဒရှိနေတယ်လို့ ‘Warner’ က ဆိုပါတယ်။
ဒီကိစ္စကို ဝင်ပါနေရတာက တစ်ကမ္ဘာလုံးမှာ ကုမ္ပဏီတွေအများကြီးရှိနေတဲ့အထဲက အခုလိုဦးဆောင်မှု ရထားအပိုင်းကို တရုတ်ကုမ္ပဏီတွေလက်ထဲ အရောက်မခံချင်လို့” လို့ဆိုပါတယ်။
 
လွန်ခဲ့တဲ့ နှစ်လတုန်းက US Federal Trade ကော်မရှင်က Facebook ကို ဒေတာအချက်လက်တွေ ချိုးဖောက်မှုနဲ့ ဒဏ်ငွေ ၅ ဘီလီယံ ရိုက်ခဲ့ပါသေးတယ်။
 
ဗုဒ္ဓဟူးနေ့အစောပိုင်ကလည်း Facebook, Google နဲ့ Twitter တို့က အမှုဆောင်အရာရှိတွေဟာ အွန်းလိုင်းပေါ်က အကြမ်းဖက်မှုတွေ၊ အစွန်းရောက်ဝါဒီ အရေးကိစ္စတွေနဲ့ ပက်သက်ပြီး ဒီဂျစ်တယ်ပိုင်းဆိုင်ရာကနေ ဘယ်လို တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိလည်းဆိုတာကို ဆီးနိတ်အမတ်တွေက ခေါ်ယူမေးမြန်းခဲ့တဲ့အတွက် ဖြေကြားခဲ့ရကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြပါရှိသည်။
 
(ပိုပိုေလး)

20 Sep 2019     1,438 Views




RELATED

Most Popular of International News

Most Popular of NEWS