BEC-TERO TV

ထိပ်သီးညီလာခံတွင် ၁၆ နှစ်သမီးရဲ့ ပြစ်တင်မှုကို ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ ငုံ့ခံခဲ့ရ

25 Sep 2019     1,331 Views


နိုဘယ်လ်ဆုနဲ့ အလားသဏ္ဍန်တူ ဆွီဒင်နိုင်ငံရဲ့  2019 Right Livelihood Award ကို ကမ္ဘာ့ရာသီဥတုအရေး လှုပ်ရှားသူ အသက် ၁၆ နှစ်အရွယ် ဆွီဒင်မိန်းကလေး ‘Greta Thunberg’ က အခြားသူ ၄ ဦးနဲ့အတူ ပူးတွဲရရှိသွားခဲ့ပါတယ်။
 
‘Greta Thunberg’ ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က နယူးရော့ခ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံမှာ မိန်းခွန်းပြောကြားစဉ် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကို ရာသီဥတုတွေ ပြောင်းလဲလာတဲ့ ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒေါသတကြီးနဲ့ လူသိရှင်းကြား စွပ်စွဲပြောဆိုလိုက်ပါတယ်။
 
 
သူမဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစပြီး ဆွီဒင်နိုင်ငံရဲ့ ပါလီမန်ရှေ့ကို အပတ်စဉ်ပုံမှန်သွားပြီး ကမ္ဘာကြီးရဲ့ ရာသီဥတုအရေးကိစ္စတွေကို တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သူပါ။ အဲဒီနောက်မှာတော့ သူမကို အားကျတဲ့ ကမ္ဘာအနှံ့က သန်းနဲ့ချီတဲ့ လူငယ်တွေဟာ လမ်းမတွေပေါ်ထွက်ပြီး သူတို့အစိုးရတွေကို ညီလာခံတက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
 
အဆိုပါညီလာခံမှာ ‘Greta Thunberg’ အသက် ၁၆ နှစ်က 
မင်းတို့ရဲ့ သုံးစားမရတဲ့ စကားတွေနဲ့ ငါရဲ့အိမ်မက်တွေ၊ ကလေးဘဝတွေကို ခိုးယူခဲ့ကြတယ်။ လုပ်ရဲလိုက်ကြတာ!” လို့ ဒေါကြီးမောကြီးနဲ့ ပြောဆိုခဲ့ပါတယ်။ 
အဲဒီနေ့မှာပဲ အပြင်ကိုလမ်းလျှောက်ထံက်လာပြီး သတင်းထောက်တွေကို ဖြေကြားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ဒေါသထွက်နေတဲ့ အကြည့်နဲ့ စိုက်ကြည့်နေခဲ့ပါတယ်။
 
 
2019 Right Livelihood Award  ဆုကို ‘Greta Thunberg’ နဲ့အတူ ဘရာဇီးလူမျိုး ရာနိုမာမီတိုင်းရင်းသားခေါင်းဆောင် ‘Davi Kopenawa’ ၊ တရုန်အမျိုးသမီးအရေးလှုပ်ရှားသူ ရှေ့နေ ‘Guo Jianmei’ နဲ့ ဆဟာရအနောက်ဘက်ပိုင်း လူ့အခွင့်အရေးကာကွယ်သူ ‘Aminatou Haidar’ တို့ ၄ ဦး ပူးတွဲရရှိခဲ့တာဖြစ်ပါတယ်။ ဆုကြေးငွေအဖြစ် တစ်ဦးလျှင် ဆွီဒင်ပိုက်ဆံ ၁ သန်း(ဒေါ်လာ ၁၀၃,၀၀၀) ရရှိမှာဖြစ်ပါတယ်။

25 Sep 2019     1,331 Views




RELATED

Most Popular of International News

Most Popular of NEWS