BEC-TERO TV

ဒိန်းမတ် ထိပ်သီးလိဂ်မှ အသင်းတသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ချင်းလူငယ်လေး

27 Sep 2019     1,409 Views


ချင်းပြည်နယ် မတူပီမြို့နယ်မှ ချင်းလူငယ်ကစားသမားလေး Salai A phun mang ဟာ ဒိန်းမတ် စူပါလီဂါမှ အသင်းတစ်သင်းဖြစ်တဲ့ Esbjerg fB (EFB) အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီလို့ သိရပါတယ်။

A phun mang ဟာ Esbjerg fB (EFB) အသင်းရဲ့ အငယ်တန်းအသင်းမှာ ပါဝင်ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။Phun mang ဟာ ထူးချွန်တဲ့ ဘောလုံးစွမ်းရည်ကို ပိုင်ဆိုင်ထားတာကြောင့် သူ ့ကို Esbjerg fB (EFB) လူငယ်အသင်းမှာကစားဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Esbjerg fB (EFB) အသင်းဟာ ဒိန်းမတ်နိုင်ငံရဲ ့အမြင့်မားဆုံးလိဂ်ဖြစ်တဲ့ ဒိန်းမတ်စူပါလိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး လက်ရှိမှာတော့ အသင်းဟာ အဆင့် (၁၃) နေရာမှာ ရပ်တည်နေတဲ့အသင်း တစ်သင်းဖြစ်ပါတယ်။

အဆိုပါ ဒိန်းမတ်လိဂ်မှ အသင်းတွေဟာ ယူရိုပါလိဂ်အဆင့်မှာ ကန်ခွင့်ရနေရတဲ့အသင်းတွေလည်း ပါဝင်ပါတယ်။ နောက်ဆိုရင် ဥရောပပြိုင်ပွဲတွေမှာ ချင်းလူငယ်လေး Salai A phun mang ကိုမြင်တွေ ့ရလာနိုင်ပါတယ်။
 
Ref;  Internet

27 Sep 2019     1,409 Views




RELATED

Most Popular of Football

Most Popular of Sport