BEC-TERO TV

မန်ယူအသင်းမှာ ဆက်ရှိနေစေချင်ရင် လစာနှစ်ဆပေးဖို့ ပေါ့ဘာတောင်းဆို

30 Sep 2019     1,328 Views


မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာဟာ လာမည့် ဇန်နဝါရီအပြောင်းအရွေ ့တွင် အသင်းကနေ ထွက်ခွာချင်နေပြီး ဆက်ရှိနေစေချင်ပါက လက်ရှိလစာ နှစ်ဆဖြစ်တဲ့ တစ်ပါတ်လုပ်ခ ပေါင်(၆) သိန်းခန့် အလိုရှိနေတယ်လို့ သိရပါတယ်။
 
ပေါ့ဘာကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ ့တုန်းက ရီးရဲလ်မက်ဒရစ် နှင့် အသင်းဟောင်း ဂျူဗင်တပ်စ်တို့က ခေါ်ယူဖို့ ကြိုးပမ်းခဲ့သော်လည်း မန်ယူအသင်းကသတ်မှတ်ထားတဲ့ ပေါင် သန်း(၁၈၀) ကိုမပေးနိုင်တဲ့အတွက်ကြောင့် လက်လျှော့လိုက်တာဖြစ်ပါတယ်။

မန်ယူအသင်းနဲ့ ပေါ့ဘာတို့ဟာ စာချုပ်သက်တမ်း (၂၀၂၂) နှစ်အထိကျန်ရှိနေသေးပြီး လက်ရှိမှာ တစ်ပါတ်လုပ်ခ ပေါင် (၂၉၀၀၀၀) ရရှိနေသူဖြစ်ပါတယ်။ ပေါ့ဘာတောင်းဆိုတဲ့ လစာကို မန်ယူအသင်းက တိုးမြှင့်ပေးပါက တစ်နှစ်လျှင် ပေါင် သန်း(၃၀) အထိရရှိမည်ဖြစ်ပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုထက် (၃) သန်း ပိုများလာမှာဖြစ်ပါတယ်။
 
ယခုနှစ်ရာသီမှာ ပေါ့ဘာဟာ မန်ယူအသင်းအတွက် (၄) ပွဲကစားထားပြီ ဂိုးဖန်တီးမှု (၂) ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယနေ့ညမှာ ကစားမည့် အာဆင်နယ်အသင်းနဲ့ပွဲမှာ ခြေချင်းဝတ် ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဖွယ်မရှိဘူးလို ့လည်း သိရပါတယ်။

30 Sep 2019     1,328 Views




RELATED

Most Popular of Football

Most Popular of Sport