BEC-TERO TV

မန်ယူအသင်းအတွက် ပိုက်ဆံမယူဘဲ အလကားကစားပေးဖို့ အသင့်ရှိနေတဲ့ ဟွန်ဒါ

30 Sep 2019     1,368 Views


အသက် (၃၃) နှစ်အရွယ်ရှိ ဂျပန်နာမည်ကြီး ဘောလုံးသမား ခဲအိစုခဲ ဟွန်ဒါဟာ ထိပ်တန်းအသင်းတစ်သင်း ကစားလိုနေပြီး မန်ယူအသင်းက သူကိုခေါ်ယူ စာချုပ်ချုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဟွန်ဒါဟာ ပြီးခဲ့တဲ့ မေလအတွင်းက သြစတြေးလျကလပ် မဲလ်ဘုန်းဗစ်ထရီအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ရှိမှာ လက်ရှိမှာအသင်းလက်မဲ့ ဖြစ်နေတာဖြစ်ပါတယ်။

ဟွန်ဒါက “ကျွန်တော်ကို လာကမ်းလှမ်းကြပါ..။ ကျွန်တော့အတွက် ငွေမလိုပါဘူး။ ဒါပေမယ့် ထိပ်တန်းအသင်းကြီးတစ်သင်းမှာ ထိပ်တန်းကစားသမားတွေနဲ့ ကစားနိုင်ဖို့ ကျွန်တော်လိုအပ်နေပါတယ်..။ @ManUtd @ManUtd_JP “ ဆိုပြီး လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တဆင့်တောင်းဆိုခဲ့တာဖြစ်ပါတယ်..။

ဟွန်ဒါဟာ ယခုအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေပြီး လာမည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ခွင်ရဖို့အတွက် ကစားခွင့်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကမ္ဘောဒီးယား လက်ရွေးစင်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်နေပြီး ဒါကလည်း လစာမယူဘဲ ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
ယခုကာလမှာ နည်းပြဆိုးလ်ရှားရဲ ့ မန်ယူအသင်းဟာ လူကာကူ ၊ ဆန်းချက်တို့ ထွက်သွားပြီးနောက်ပို်င်း တိုက်စစ်ပိုင်းပြသာနာကြုံတွေ ့နေရပြီး အားထားရတဲ့ မာရှယ်ကလည်း ဒဏ်ရာပြသာနာတွေရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်နေတဲ့ ဝါရင့်အတွေ ့အကြုံရှိ တိုက်စစ်မှူး ဟွန်ဒါကို မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ခေါ်ယူသွားမလဲဆိုတာကိုတော့ စိတ်ဝင်စားစရားပါ။

ဟွန်ဒါဟာ ပရီးမီးယားလိဂ်မှာ တစ်ခါမှကစားဖူးခြင်းမရှိသေးဘဲ သူရဲ ့ဘောလုံးကစားသမားဘဝ အကောင်းဆုံး အချိန်တွေက အေစီမီလန်၊ CSKA မော်စကို အသင်းတို့မှာကျင်လည်ခဲ့တာဖြစ်ပါတယ်။ မဲလ်ဘုန်းအသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် သွင်းဂိုး (၈) ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။


30 Sep 2019     1,368 Views




RELATED

Most Popular of Football

Most Popular of Sport