BEC-TERO TV

လာမည့်အပြောင်းအရွေ ့မှာ တိုက်စစ်မှူးသစ်ခေါ်ယူမယ့် ဆိုးလ်ရှားနှင့် အခြားသတင်းတိုများ

30 Sep 2019     1,319 Views


မန်ယူ ကွင်းလယ်ကစားသမား မာတစ်ကို ဂျူဗင်တပ်စ်အသင်းနှင့် အင်တာမီလန်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မာတစ်ဟာ နည်းပြဆိုးလ်ရှားရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် အသင်းပြောင်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
 
မာတစ်ဟာ နည်းပြဟောင်း မော်ရင်ဟို မန်ယူအသင်းကို နည်းပြစဉ်က ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ပြီး နည်းပြဆိုးလ်ရှား ကို်င်တွယ်ချိန်မှာတော့ လူငယ်တွေကို ဦးစားပေးတာကြောင့် အရံခုံမှာသာ အချိန်ကုန်ခဲ့တာဖြစ်ပါတယ်။
 
အသက် ၃၁ နှစ်အရွယ်ရှိ မာတစ်ဟာ ဒီရာသီမှာ မန်ယူအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် သူကို ရာသီကုန်မှာ အလွတ်ဖြင့် ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်..။ မာတစ်ဟာ ချဲလ်ဆီးမှာတုန်းက နည်းပြဟောင်း ကွန်တီနဲ့ လက်တွဲဖူးခဲ့တာကြောင့် အင်တာမီလန်အသင်းကို ပြောင်းရွေ ့နိုင်တာဖြစ်ပါတယ်..။ ပြီးခဲ့တဲ့လတုန်းက နည်းပြဆာရီကလည်း သဘောကျတယ်လို့ ပြောဆိုထားခဲ့ဖူးပါတယ်..။
 
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ လာမည့်ဇန်နဝါရီါအပြောင်းအရွေ ့မှာ တိုက်စစ်မှူး တစ်ယောက်ဝယ်ဖို့ ရှိတယ်လို့ သိရပါတယ်။ လူကာကူ ၊ ဆန်းချက် ၊ တို့ကို ဆုံးရှုံးထားရတာကြောင့် တိုက်စစ်ပြသာနာကြုံတွေ ့နေရပြီး အဆင့် (၁၁) နေရာမှာသာ ရပ်တည်နေတာဖြစ်ပါတယ်..။
 
ဒါကြောင့် ဆိုးလ်ရှားဟာ လာမည့်ဇန်နဝါရီ အပြာင်းအရွေ ့မှာ ဂျူဗင်တပ်စ်မှ မန်ဆူကစ် နဲံ ဒိုင်ဘာလာ  ၊ ဒေါ့မွန်မှ ဆန်ချို ၊ ဘီဘာအိုအသင်းမှ ဝီလျံစ် တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်..။
 
အာဆင်နယ်အသင်းဟာ အိုဇေးလ်ကို လာမည့် ဇန်နဝါရီအပြောင်းအရွေ ့မှာ အငှားချထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အိုးဇေးလ်ဟာ နည်းပြ အမ်မရီလက်အောက်မှာ ပွဲထွက်ခွင့်ရဖို့ ရုံးကန်နေရပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ (၇၁) သာပွဲထွက်ခွင့် ရရှိခဲ့ပါတယ်..။
 
စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းဟာ အသင်းမှရှိတဲ့ အမ်မရီကမ် ကို ပီအက်စ်ဂျီအသင်းမှ သောမက် မူနေးနဲ့ ဇန်နဝါရီမှာအပြောင်းအရွေ ့မှာ အလဲအလည်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့တယ်လို့ TuttoSport ကဖော်ပြထားပါတယ်။
 
Goal.com
 

30 Sep 2019     1,319 Views




RELATED

Most Popular of Football

Most Popular of Sport