BEC-TERO TV

ကမ္ဘာ ့အကောင်းဆုံး နောက်ခံလူဗန်ဒိုက်ကို လှည့်စားနိုင်မယ်လို့ ယုံကြည်နေတဲ့ ဟာလန်

30 Sep 2019     1,364 Views


ဒီတစ်ပါတ်မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်လာခဲ့ပြီး ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းကတော့ ဂျန့်အသင်းကို ၆-၂ ဖြင့်အနိုင်ရရှိထားတဲ့ ဆဲလ်ဘတ်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပါတ်က လီဗာပူးလ်အသင်းက အဝေးကွင်းမှာ နာပိုလီအသင်းကို ၂-၀ ဖြင့်ရှုံးနိမ့်ထားခဲ့တာကြောင့် ဆဲလ်ဘတ်နဲ့ပွဲမှာ မဖြစ်မနေ အနိုင်ရလဒ်ရရှိသွားအောင် စွမ်းဆောင်နိင်ဖို့ လိုအပ်နေပါတယ်..။

ဂျန့်အသင်းကို ၆-၂ ဖြင့်အနိုင်ရရှိထားတဲ့ပွဲစဉ်မှာ ဆဲလ်ဘတ်အသင်း အသက်(၁၉) နှစ်အရွယ် တိုက်စစ်မှူး ဟာလန်ဟာ ဟက်ထရစ် သွင်းဂိုးရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ရဲ ့အသက်ငယ်ဆုံး ဟက်ထရစ်သွင်းဂိုးရှင်(၃) ဦးမြောက်စာရင်းမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့ ကန်ရမယ့်ပွဲစဉ်မှာလည်း ဟာလန်တစ်ယောက် စိတ်လှုပ်ရှားနေပြီး ကမ္ဘာ ့အကောင်းဆုံး နောက်ခံလူလို့ သတ်မှတ်ခံထားရတဲ့ ဗန်ဒိုက်နဲ့ တွေ ့ဆုံးမှုကလည်း စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ဟာလန်ကတော့ လီဗာပူးလ်အသင်း နောက်ခံလူ ဗန်ဒိုက်ကို အကောင်းဆုံးလှည့်စား ဖြတ်ကျော်နိုင်လိမ့်မယ့် ယုံကြည်နေပါတယ်။

ဟာလန်ဟာ ပြီးခဲ့တဲ့ ယူ-၂၀ ကမ္ဘာ ့ဖလားတုန်းက နော်ဝေအသင်းက ဟွန်ဒူးရက်စ်အသင်းကို ၁၂-၀ ဖြင့်အနိင်ရခဲ့ပွဲမှာ သွင်းဂိုး (၉) ဂိုးအထိသွင်းယူခဲ့နိုင်တာကြောင့် ဘောလုံးပရိတ်သတ်တွေကြားမှာ လူသိများလာခဲ့တာဖြစ်ပါတယ်..။


30 Sep 2019     1,364 Views




RELATED

Most Popular of Football

Most Popular of Sport