BEC-TERO TV

ကိုးရီးယားမှာကျောင်းတက်နေတဲ့ သားဖြစ်သူကြောင့် ဂုဏ်ယူရတဲ့အကြောင်းပြောပြလာတဲ့ ဂျိုလီ

01 Oct 2019     1,410 Views


ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင် အိန်ဂျလီနာဂျို ဟာ သူမရဲ့ သားဖြစ်သူ “မက်ဒေါ့ဇ် ဂျိုလီပစ်” ကို တောင်ကိုးရီးယားနိုင်ငံ ထိပ်တန်း နံပါတ်(၃) စာရင်းဝင် တက္ကသိုလ် Yeonsei မှာ ကျောင်းတက်စေခဲ့ပါတယ်။

တောင်ကိုးရီးယားမှာကျောင်းတက်ဖို့ မက်ဒေါ့ဇ် ဂျိုလီပစ် ကိုယ်တိုင်ကရွေးချယ်ထားတာဖြစ်ပြီး Yeonsei မှာဝင်ခွင့် ဖြေဆိုအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ ဂျိုလီ လတ်တလော Malificent 2 မှ သရုပ်ဆောင်တွေနဲ့အတူ ET interview မှာပါဝင်ခဲ့ပါတယ်။

အတူပါဝင်သရုပ်ဆောင်သူ Michelle က ဂျိုလီ မက်ဒေါ့ဇ်ကို ကိုးရီးယားမှာ ကျောင်းတက်ဖို့ ပို့ထားတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီးပြောကြားလာတဲ့အခါ ဂျိုလီက “ကျွန်မသူ့အတွက် အရမ်းဂုဏ်ယူရတယ်” ဆိုပြီး ပြန်လည်ပြောကြားလာပါတယ်။

“ကျွန်မ သားကို တစ်ယောက်တည်းပို့လိုက်ရပေမယ့် တစ်ဖက်ကနေလဲ ဂုဏ်ယူနေမိတယ်။ ကျွန်မ တည်ဆောက်ခဲ့တဲ့ ကမ္ဘာကြီးက သူတို့အတွက် ကမ္ဘာငယ်သေးသေးလေးတွေဖြစ်လာတယ်။ သူတို့လေးတွေဆီကပြန်သင်ယူရတာတွေရှိတယ်။ ဒီလို အခြေအနေမျိုးလေးဖြစ်လာတာကို ကျွန်မ အရမ်းတွေ သဘောကျနေမိတယ်။

မက်ဒေါ့ဇ်က အခုဆို သူ့ရွေးချယ်မှုအတွက် ရယ်ဒီဖြစ်နေပြီ၊ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကလဲ အမြဲလိုလို စိတ်ဝင်စားဖို့ကောင်းနေတတ်တယ်” ဆိုပြီး ပြောပြလာပါတယ်။

ဂျိုလီရဲ့ သား မက်ဒေါ့ဇ်ဟာ biochemistry မေဂျာကို အဓိကယူထားပြီး နောက်လေးနှစ်ကြာတဲ့အထိ တောင်ကိုးရီးယားမှာကျောင်းဆက်တက်ရမှာပဲဖြစ်ပါတယ်။ ဂျိုလီဟာ သားဖြစ်သူ နေထိုင်ဖို့ Yeonsei တက္ကသိုလ် အနီးတစ်ဝှိုက်မှာ ဇိမ်ခံတိုက်ခန်းတစ်လုံးကို ဝယ်ပေးထားခဲ့ကြောင်း koreaboo မီဒီယာ ဖော်ပြချက်အရ သိရှိရပါတယ်။ သားအရင်းမဟုတ်ပေမယ့် ရင်ဝယ်မခြား သားအရင်းပမာ ချစ်ပေးတတ်တဲ့ ဂျိုလီကိုတော့ မလေးစားဘဲ မနေနိုင်တော့ပါဘူး။

Ref:koreaboo

(ပုိပုိေလး)

 

 


01 Oct 2019     1,410 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS