BEC-TERO TV

ထိုင်ဝမ်တွင် တံတားပြိုကျပြီး ငါးဖမ်းလှေများပေါ် ပိမိ

01 Oct 2019     1,294 Views


အောက်တိုဘာလ ၁ ရက် (ယနေ့) နံနက်ပိုင်းက ထိုင်းဝမ်နိုင်ငံတွင် မြစ်ကူးတံတားတစ်စင်း ပြိုကျခဲ့မှုကြောင့် ငါးဖမ်းလှေများပေါ် ပိမိကာ ရေလုပ်သားများ ပိတ်မိတ်နေခဲ့ကြောင်း သိရှိရသည်။
 
 
အင်္ဂါနေ့နံနက် ၉ နာရီခွဲခန့်က လောင်စာဆီတင်ကားတစ်စီး တံတားကို ဖြတ်ကူးစဉ် ပြိုကျခဲ့တာဖြစ်ပြီး ကားလည်း မီးလောင်ကျွမ်းခဲ့သည်။ ဖြစ်စဉ်ကြောင့် အနည်းဆုံး လူ ၉ ဦး ရေထဲပြုတ်ကျခဲ့ပြီး ၇ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ပြီဖြစ်ကြောင်း၊ ယင်းတို့ထဲမှ ၆ ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်းကြောင်း ထိုင်ဝမ်သတင်းအေဂျင်စီမှ သတင်းထုတ်ပြန်ခဲ့သည်။
 
 
ရေငုတ်သမားတွေဟာ ပိကျမိခဲ့တဲ့ ငါးဖမ်းလှေတွေထဲမှာ လူတွေ ပိတ်မိနေတာကို လိုက်လံရှာဖွေကယ်ဆယ်လျှက်ရှိသည်။ အာဏာပိုင်တွေက အရေးပေါ်စင်တာတစ်ခုဖွင့်လှစ်ပြီး စစ်တပ်နဲ့ ရေတပ်တို့ရဲ့ အကူညီမှုများရယူပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
 
 
“လူ့အသက်တွေကို ကယ်တင်ဖို့က အဓိကဦးစားပေးအချက်ဖြစ်ပါတယ်” လို့ ထိုင်ဝမ်ဝန်ကြီးချုပ် Su Tseng-chang က လူမှုကွန်ယက်ပေါ်ကနေ ပြောကြားခဲ့ပါတယ်။ ပြိုကျခဲ့တဲ့ တံတားကြီးဟာ ငါးဖမ်းလှေများဆိုက်ကပ်ရာ စည်ကားတဲ့ ဆိပ်ကမ်းနဲ့ ဆက်သွယ်ထားတာဖြစ်ပြီး တံတားပြိုကျမှုကြောင့် ငါးဖမ်းလှေ ၃ စင်းနဲ့ လောင်စာတင်ကားအပါအဝင် ကားနှစ်စီး ပျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
 
 
တံတားပြိုကျချိန်တွင် ရာသီဥတုကလည်း သာယာနေတဲ့အတွက် ဘယ်အကြောင်းကြောင်း ပြိုကျခဲ့တယ်ဆိုတာကို ရှင်းလင်းစွာ မသိရသေးကြောင်း သိရှိရသည်။

01 Oct 2019     1,294 Views




RELATED

Most Popular of International News

Most Popular of NEWS