BEC-TERO TV

ချစ်သူနဲ့ မိဘတွေရဲ့ ဆန္ဒကို အနစ်နာခံပြီး ဖြည့်ဆည်းပေးလိုက်သူ

01 Oct 2019     1,510 Views


သားသမီးရဲ့ အိမ်ထောင်ရေးကို ချုပ်ကိုင်ချင်ကြတဲ့ မိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းရတဲ့ လူငယ်အများစုဟာ ချစ်သူနဲ့ မိဘကြားမှာ ဗျာများပြီး စိတ်ဆင်းရဲကိုယ်ဆင်းရဲ အခြေအနေတွေကို ကြုံတွေ့ရတတ်ပါတယ်။
 
 
ဒီလိုပြဿနာကို မလေးရှာနိုင်ငံ ဆာဘားက လူငယ်တစ်ဦးက မြွေမသေတုတ်မကျိုး နည်းလမ်းနဲ့ အားလုံးအဆင်ပြေသွားအောင် ဖြေရှင်းနိုင်ခဲ့ပါတယ်။
 
စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင် သတို့သားနဲ့ သတို့သမီးနှစ်ယောက် တစ်ပြိုင်တည်း လက်ထပ်ကြတဲ့ ပုံတွေဟာ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပါတယ်။ ဒီပုံတွေကို သတို့သားရဲ့ ဆွေမျိုးဖြစ်ဟန်တူတဲ့ ‘Jimmy’ ဆိုသူက “မင်းကတော့ အမျိုးထဲမှာ စံချိန်ချိုးသွားပြီဟေ့ တစ်ပြိုင်တည်း နှစ်ယောက်ယူတာနော်၊ ဂုဏ်ယူပါတယ်” လို့ ရေးတင်ခဲ့ပါတယ်။
 
သတို့သားရဲ့ မိဘတွေက အရင်ကတည်းက ကိုတာကင်နာဘာလူးမြို့က မိန်းကလေးနဲ့ လက်ထပ်ဖို့ စေ့စပ်ကြောင်းလမ်းထားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူက ဇိမ်ခံဟိုတယ်တစ်ခုမှာ အလုပ်သွားလုပ်ရင်း နောက်ထပ် မိန်းကလေးတစ်ယောက်နဲ့ ချစ်သူဖြစ်သွားခဲ့ပါတယ်။
 
 
နောက်ဆုံးမှာတော့ မိဘတွေရဲ့ ဆန္ဒနဲ့ ချစ်သူရဲ့ဆန္ဒ နှစ်ခုစလုံးပြေလည်သွားအောင် သတို့သမီးနှစ်ယောက်နဲ့ တစ်ပြိုင်တည်း လက်ထပ်လိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ ပုံတွေကို ကြည့်ပြီး အားကျလိုက်တာကွာ၊ ကံကောင်းလိုက်တဲ့ငနဲ စသည်ဖြင့် ဝိုင်းဝန်းရေးသားနေကြပါတယ်။
 
ကဲ.. ဘယ်လိုလဲ ဒီဝါကျွတ်မှာ နှစ်ဦးနှစ်ဖက်ရဲ့ ဆန္ဒပြည့်ဝအောင် သူ့လို လိုက်လုပ်ရင် မကောင်းဘူးလား..။

 


01 Oct 2019     1,510 Views




RELATED

Most Popular of Special or Others

Most Popular of NEWS