BEC-TERO TV

အကြင်နာမဲ့စွာ တိရိစ္ဆာန်လေးတွေကို လှောင်အိမ်ထဲပိတ်ပြီး ပင်လယ်ထဲစွန့်ပစ်

01 Oct 2019     1,409 Views


တောရိုင်းတိရိစ္ဆာန်တွေကို တရားမဝင်မှောင်ခိုသယ်တဲ့ လူမျိုးတွေဟာ ငွေတစ်မျက်နှာတည်းသာကြည့်ပြီး သူတို့ရဲ့ စားဝတ်နေရေးအတွက် ဓါးစားခံဖြစ်ရရှာတဲ့ သတ္တဝါလေးတွေအပေါ် ဘယ်လောက်တောင် စာနာညှာတာစိတ် ကင်းမဲ့သလဲဆိုတာကို ဒီရုပ်သံက မီးမောင်းထိုးပြလိုက်တာပါပဲ။
 
အင်ဒိနီးရှားနိုင်ငံ ဂျာဗားကျွန်းကနေ မြို့တော် ဂျာကာတာကို ပင်လယ်ဖြတ်လာတဲ့ သင်္ဘောတစ်စီးပေါ်မှာ ကျေးငှက်လေးတွေနဲ့ တိရိစ္ဆာန်လေးတွေကို တရားမဝင် မှောင်ခို သယ်လာခဲ့ပါတယ်။
ခရီးလ်းတစ်ဝက်လောက်အရောက်မှာ စစ်ဆေးရေးရှိကြောင်း သတင်းရပြီး ဖမ်းဆီးခ့ရမှာစိုးတဲ့အတွက် တိရိစ္ဆာန်လေးတွေကို လှောင်အိမ်တွေ ပိတ်ထားလျှက် ပင်လယ်ထဲကို ပစ်ချခဲ့ကြပါတယ်။ တိရိစ္ဆာန်လေးတွေအားလုံး လှောင်အိမ်ထဲမှာ ပိတ်မိလျှက် ရေနစ်သေဆုံးသွားကြမယ်ဆိုတာ သံသယဖြစ်စရာမရှိအောင် သေချာပါတယ်။
 
 
တိရိစ္ဆာန်တွေထဲမှာ မြွေစိမ်းမြီးခြောက်တွေ၊ ကြက်တူရွေးအပါအဝင် ငှက်မျိုးစုံနဲ့ တောက်တဲ့ကြီးမျိုးတွေပါ ပါဝင်ကြောင်း သိရပါတယ်။ အဆိုပါရုပ်သံပျံ့နှံ့ခဲ့တဲ့အတွက် မှောင်ခိုကူးပြီး စာနာစိတ်မရှိတဲ့ တရားခံတွေကို ဖမ်းဆီးမိနိုင်မယ်လို့ မျှော်လင့်ပါတယ်။

01 Oct 2019     1,409 Views




RELATED

Most Popular of Special or Others

Most Popular of NEWS