BEC-TERO TV

ဟောင်ကောင်မှာ မျက်နှာဖုံးစွပ်တွေကို ယနေ့ညမှာ အင်အားသုံး အရေးယူတော့မည်

04 Oct 2019     1,445 Views


လူအများစုဝေးနေတဲ့နေရာတွေမှာ မျက်နှာဖုံးများ ဝတ်ဆင်ခြင်းကို တားမြစ်လိုက်တဲ့ ဥပဒေကို ဟောင်ကောင်က အောက်တိုဘာ ၄ ရက် သောကြာနေ့ ညဦးပိုင်းမှာ အင်အားသုံးပြီး အရေးယူတော့မှာဖြစ်ကြောင်း အစိုးရရဲ့ သတင်းရင်းမြစ်ကနေ ကြားသိရပါတယ်။

အာဏာပိုင်တွေဟာ ဟောင်ကောင်မှာ လနဲ့ချီကြာအောင် နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေ ရုန်းရင်းဆန်ခတ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အကြပ်ရိုက်နေပါတယ်။ ယခုပြဌါန်းလိုက်တဲ့ မျက်နှာဖုံးဥပဒေသစ်ကို ကျူးလွန်သူတွေအနေနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့အထက် ဒါမှမဟုတ် ဟောင်ကောင်ဒေါ်လာ ၂၅,၀၀၀ ဒဏ်ငွေရိုက်ခံရမှာဖြစ်ပါတယ်။

မြို့တော်ရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ အဆိုပါဥပဒေနဲ့ ပက်သက်ပြီး သောကြာနေ့နံနက်ပိုင်းမှာ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အဖွဲ့ဝင်တွေကတော့ ဒီဥပဒေသစ်ကို မိတ်ဆက်တဲ့နေရာမှာ ရဲတွေအနေနဲ့ သူတို့မသင်္ကာတဲ့ လူတွေရဲ့ မျက်နှာဖုံးတွေကို ဖယ်ရှားနိုင်တဲ့ အခွင့်အာဏာပေးဖို့ကို ဆွေးနွေးချင်နေကြပါတယ်။

လုံခြုံရေးဗျူရိုအနေနဲ့ ဥပဒေမူကြမ်းမှာ အကြံပေးချက် နှစ်ချက်ထည့်သွင်းပေးထားကြောင်း သတင်းရင်းမြစ်က ဖော်ပြထားပါတယ်။ ဒုတိယအကြံပေးချက်မှာတော့ ရဲအရာရှိတွေအနေနဲ့ လူစုလူဝေးနေရာတွေမှာ မျက်နှာဖုံးတပ်ထားတဲ့သူတွေကို ချွတ်ခိုင်းဖို့ လုံလောက်တဲ့ အခွင့်အာဏာပေးဖို့ကြောင်း အကြံပြုထားပါတယ်။

ကျန်းမာရေးအရ တပ်ဆင်ထားတဲ့ မျက်နှာဖုံးတွေ မပါပဲ လူတစ်ယောက်ဟာ သူဘယ်သူလဲဆိုတာ မသိစေချင်လို့ တမင်ဝတ်ဆင်ထားတဲ့ မျက်နှာဖုံးမျိုးတွေကိုတော့ ရဲအရာရှိတွေအနေနဲ့ ချွတ်ခိုင်းပိုင်ခွင့်ရှိပြီး အဲဒီလူဟာ အဖမ်းခံရပြီး ပြစ်မှုထင်ရှားတယ်ဆိုရင် အနည်းဆုံး ထောင် ၆ လ ကျခံရဖို့ရှိနေပါတယ်။

ဒီဥပဒေဟာ ယနေ့ သောကြာနေ့ ညဦးပိုင်းမှာ စတင်အသက်ဝင် အရေးယူဖို့ရှိနေကြောင်း SCMP သတင်းတွင်ဖော်ပြပါရှိသည်။

 


04 Oct 2019     1,445 Views




RELATED

Most Popular of International News

Most Popular of NEWS