BEC-TERO TV

Rose Quart အဖွဲ့ကိုတရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်

04 Oct 2019     1,315 Views


ကိုရီးယား၊ ထိုင်းနဲ့ မြန်မာမလေးတို့ ပါဝင်ပေါင်းစည်းထားတဲ့ Rose Quart အဖွဲ့ကတော့ နိုင်ငံသုံးနိုင်ငံလုံးမှာ အားပေးချစ်ခင်တဲ့ ပရိသတ်အခိုင်အမာကို ပိုင်ဆိုင်ရရှိထားပြီးသားဖြစ်ပါတယ်။ Rose Quart အဖွဲ့ဟာဆိုရင် မြန်မာနိုင်ငံအခြေစိုက် ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ JBJ Entertainment  နဲ့ ထိုင်းနိုင်ငံက 0316 Entertainment တို့က ပူးပေါင်းပြီး ဖွဲ့စည်းထားတဲ့ Band တစ်ခုဖြစ်ပြီး Sungshin, Earn, Eing, Cindy,  Naychi ဆိုပြီး အဖွဲ့ဝင် ငါးယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
မြန်မာမလေး နှစ်ယောက်၊ ထိုင်းမလေး နှစ်ယောက်နဲ့ ကိုရီးယားမလေးတစ်ယောက်တို့ပါဝင်တဲ့ Rose Quart အဖွဲ့ကတော့ နိုင်ငံသုံးနိုင်ငံကို လှည့်လှည်ပြီး ဖျော်ဖြေမှုတွေပြုလုပ်ရင်း အောင်မြင်မှုတွေကိုရရှိခဲ့တာဖြစ်ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
Rose Quart အဖွဲ့ရဲ့ Version အမျိုးမျိုးနဲ့သီဆိုထားတဲ့ Rose Quart အဖွဲ့ရဲ့ ‘Realize’ သီချင်းနဲ့ ‘Ra Pa Pam Pam’ သီချင်းတွေကလဲ မြန်မာပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားနာမည်ကြီးခဲ့တာပါ။ တစ်ယောက်တစ်မျိုး မတူညီတဲ့ပုံစံလေးတွေနဲ့ ပရိသတ်ရင်ထဲနေရာယူနိုင်ခဲ့တဲ့ Rose Quart အဖွဲ့ရဲ့စိတ်မကောင်းစရာ သတင်းတစ်ခုကတော့ ယနေ့မှာပဲထွက်ပေါ်လာခဲ့ပါတယ်။ အဲ့တာကတော့ Rose Quart အဖွဲ့ကို တရားဝင်ဖျက်သိမ်းလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။
 
 
 
 
Rose Quart အဖွဲ့ကိုဖျက်သိမ်းလိုက်ပြီဆိုတဲ့ အကြောင်းကိုတော့ JBJ entertainment က ယနေ့မှာပဲ တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ JBJ entertainment နဲ့ 0316 entertainment တို့ရဲ့ လုပ်ငန်းသဘောတူညီချက်တွေဟာ ၂၀၁၉ ခုနှစ် ဇွန်လမှာ ပြီးဆုံးသွားခဲ့တာဖြစ်ပြီး Cindy နဲ့ Nay Chi တို့နှစ်ယောက်က Rose Quart အဖွဲ့ကနေ ထွက်ခွာဖို့ကိုသဘောတူညီခဲ့ကာ လမ်းကြောင်းအသစ်ကို လျှောက်လှမ်းမှာဖြစ်တယ်လို့ သိရပါတယ်။ 
 
 
သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုအသစ်တွေကိုတော့ JBJ entertainment ကနေ ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Sungshin ကလည်း ကျန်းမာရေးအခက်အခဲတွေရှိတာကြောင့် ကိုရီးယားမှာ ဆေးကုသမှုပြန်လည်ခံယူရမှာဖြစ်တဲ့အကြောင်း ပြည့်ပြည့်စုံစုံရေးသား ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ 
 
 
“အတိတ်နေ့က နောင်တများ မေ့ဖျောက်ကာ I’m feel so good” ဆိုပြီး ပရိသတ်တွေရဲ့ ပါးစပ်ထဲမှာ စွဲခဲ့ကြတဲ့ Rose Quart အဖွဲ့ကတော့ ဒီကနေ့ အောက်တိုဘာလ (၄) ရက်နေ့မှာပဲ တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး အဲ့ဒီ့အတွက်လည်း စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်ကြီးကိုလည်း မြင်တွေ့ရပါတယ်….
 
 

(ပိုပိုလေး)

 


04 Oct 2019     1,315 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment