BEC-TERO TV

အသက် ၁၅ နှစ်အောက် မိန်းကလေးများ ကလေးမွေးဖွားမှု ၂ နာရီလျှင် ၁ ယောက်ရှိနေ

04 Oct 2019     1,441 Views


ထိုင်းနိုင်ငံ ဖရာအို စီရင်စုတစ်ခုထဲတွင် အသက် ၁၅ နှစ်အောက် ကိုယ်ဝန်ဆောင်မိန်းကလေးများမှ ကလေးမွေးဖွားမှုဟာ ၂ နာရီလျှင် ကလေး ၁ ယောက်နှုန်းရှိနေကြောင်း ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်းနဲ့ မလိုချင်ပဲကိုယ်ဝန်ရလာသူများကို စောင့်ရှောက်ပေးနေတဲ့ ပရော့ဂျက်မှ တာဝန်ရှိသူ Mr Pakanan Krekaew က အောက်တိုဘာလ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အဆိုပါစစ်တမ်းကို ကျန်းမာရေးဝန်ကြီးဌါနရဲ့ အချက်လက်စုဆောင်းရေး ဌါနခွဲကို သတင်းပေးပို့ထားပြီးဖြစ်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်ကထက် အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်မိခင်တွေ တစ်စတစ်စ များပြားလာနေပါတယ်။ အခုဆိုရင် ၄ မိနစ်တိုင်းမှာ ဆယ်ကျော်သက်မိခင်တွေ ကလေးမွေးဖွားမှုရှိနေပြီး အဲဒီထဲမှာ ၁၅ နှစ်အောက် မိခင်ကမွေးတဲ့ ကလေး ၁ ဦး ပါနေလျှက်ရှိပါတယ်။

ဆိုလိုတာကတော့ ဆယ်ကျော်သက်တွေ ကလေး ၆ ယောက်မွေးတိုင်း ၁ ယောက်ရဲ့ မိခင်ဟာ အသက် မပြည့်သေးတဲ့ မိန်းကလေး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ UNICEF ရဲ့ အစီရင်ခံစာအရ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တွေဟာ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်ကြားတွေ ဖြစ်ကြပြီး သက်တူရွယ်တူ မိန်းကလေး ၁,၀၀၀ မှာ ၆၅ ယောက်က အခုလို ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ ဖြစ်နေကြပါတယ်။

အခုလို ဆယ်ကျော်သက် မိခင်လောင်းတွေရဲ့ အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် ပိုပိုတိုးလာကြောင်း ဖော်ပြထားပါတယ်။

Mr Pakanan ရဲ့ အဆိုအရ ဖရာအို စီရင်စုတစ်ခုထဲမှာတင် အသက် ၂၀ အောက် မိခင်လောင်းတွေဟာ ၁၄ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းထိ တိုးလာတယ်လို့ဆိုပါတယ်။

အထူးသဖြင့် ဒီကလေးအများစုဟာ ဆင်းရဲနွမ်းပါးမှု၊ မိဘအုပ်ထိန်းသူက အခြားမှာ အလုပ်သွားလုပ်ရတဲ့အတွက် အနီးကပ် မစောင့်ရှောက်နိုင်မှု၊ အိပ်ထောင်ပြိုကွဲမှု၊ မိဘမဲ့ဖြစ်ရတာနဲ့ HIV ကူးစက်ခံရမှု စတဲ့အခြေအနေတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ချလုံခြုံမှုမရှတဲ့ လိင်ဆက်ဆံမှုတွေ ကို လွယ်လွယ်ပဲ ပြုမူလိုက်ကြတာဖြစ်ပါတယ်။

ဒီလိုလုပ်ရင် ဘာတွေဖြစ်လာမယ်ဆိုတဲ့ အသိပညာမရှိတာကြောင့် အလွန်အန္တရာယ်များတဲ့ အသက်မပြည့်သေးတဲ့ ကိုယ်ဆောင် မိခင်လောင်းတွေ ဖြစ်လာကြရတာဖြစ်ပါတယ်။

 

 


04 Oct 2019     1,441 Views




RELATED

Most Popular of International News

Most Popular of NEWS