BEC-TERO TV

ပရိသတ်တွေကို တောင်းပန်ပြီးမှ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ “ဆောလီ” (ရုပ်သံ)

16 Oct 2019     2,718 Views


တောင်ကိုရီးယား Kpop Star “ဆောလီ” ဟာ အသက်အရွယ်နဲ့ မမျှအောင် အောင်မြင်မှုတွေအရှိန်ကောင်းနေချိန်မှာပဲ စိတ်ဓါတ်တွေအကြီးအကျယ်ကျပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ကာ လေကကြီးကို အရှုံးပေးထွက်ခွာသွားခဲ့ပါတယ်။

Kpop မိန်းကလေးအဖွဲ့ f(x) က အသက် ၂၅ နှစ်အရွယ် "ဆောလီ” ကို အောက်ဆိုဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက သူမရဲ့ နေအိမ်မှာ သေဆုံးလျှက် တွေ့ရှိခဲ့ပါတယ်။

ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ “ဆူးလီ” ဟာ အွန်လိုင်းပေါ်ကနေ အနိုင်ကျင့်ပြောဆိုမှုတွေ ခံခဲ့ရတာကြောင့် စိတ်ဓါတ်တွေအလွန်အမင်းကျဆင်း၊ စိတ်ဆင်းရဲပြီး စိတ်ပိုင်းဆိုင်ရာ မူမမှန်တော့တဲ့ အခြေအနေတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တယ်လို့ မှတ်ချက်ပေးထားပါတယ်။

“ဆောလီ” ဟာ သူမ မသေဆုံးမီ ၂ ရက်အလိုမှာ အင်စတာဂရမ်ပေါ်ကနေ ရုပ်သံ LIVE လွှင့်ခဲ့ပါသေးတယ်။ ရုပ်သံထဲမှာတော့ “ကျွန်မအပေါ် ပြင်းပြင်းထန်ထန်တွေ မပြောကြပါနဲ့၊ ကျွန်မက မကောင်းတဲ့ လူတစ်ယောက်မဟုတ်ပါဘူး” လို့ ဝမ်းနည်းနေတဲ့ အငိုမျက်လုံးတွေကြားက အားတင်းရင်း ပရိသတ်တွေကို သူမအပေါ် နာလည်မှုမလွဲကြဖို့ တောင်းပန်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ SHINee အဖွဲ့က စတားတစ်ဦးဖြစ်တဲ့ “ဂျွန်ယွန်း” နဲ့လည်း “ဆောလီ” ဟာ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ နောက်ဆုံးမှာတော့ “ဆောလီ” ကိုယ်တိုင်လည်း စိတ်ဖိစီးမှုဒဏ်တွေကို မခံနိုင်တော့ပဲ သူငယ်ချင်းရဲ့ လမ်းအတိုင်း အဆုံးစီရင်သွားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာ လူမှုကွန်ယက်ဟာ အကျိုးရှိတာတွေရှိသလို အခုလိုလိုမျိုး လူ့အသက်တွေကို နှုတ်ယူနိုင်လောက်တဲ့ ဆိုးကျိုးတွေပဲ ပြည့်ဝနေတာမို့ လူငယ်တွေအနေနဲ့ သတိရှိရှိအသုံးပြုကြဖို့ ပိုပိုလေး ကနေ တိုက်တွန်းလိုက်ရပါတယ်။


16 Oct 2019     2,718 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS