BEC-TERO TV

အင်တာနက်မှာ ဝေဖန်ပြောဆိုသူတွေကို ဥပဒေအသစ်နဲ့ ကိုင်တွယ်သွားမယ့် တောင်ကိုးရီးယားအစိုးရ

16 Oct 2019     1,388 Views


တောင်ကိုးရီးယား နာမည်ကြီး အဆိုတော် သရုပ်ဆောင် Sulli ဟာပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ ၊ နေအိမ်မှာ မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ပါတယ်။

 

Sulli ခန္ဓာကိုယ်အလောင်းကို မန်နေဂျာဖြစ်သူမှ ရှာဖွေတွေ့ရှိခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ရဲများမှ အတည်ပြုခဲ့ပါတယ်။ Sulli ဟာ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ F(x) ကနေ နှုတ်ထွက်ပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။

 

Sulli ဟာ လွတ်လွတ်လပ်လပ်နေထိုင်ရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး တခြားမိန်းကလေးတွေကို bra ဝတ်လေ့မရှိတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လူမှုကွန်ယက် သုံးစွဲသူ လူတစ်ချို့ကလဲ Sulli ကို ဒီအချက်နဲ့ ပဲ နှိပ်ကွပ်ခဲ့ကြပါတယ်။ "သူမကရူးနေသလား" "သူမကို ဆိုဆုံးမမယ့်သူမရှိတော့ဘူးလား" "အရင်က ငါတို့သိတဲ့ အပြစ်ကင်းတဲ့ Sulli က ဘယ်ကိုရောက်သွားလဲ" အစရှိသဖြင့် နည်းလမ်းမျိုးစုံနဲ့ ဝေဖန်ခဲ့ကြပါတယ်။

 

သူမဘယ်လို ကောင်းမွန်တဲ့အရာမျိုးကိုပဲလုပ်လုပ် အကောင်းအပြောမခံခဲ့ရပါဘူး။ လူမှုကွန်ယက်ကနေ လူတစ်စုက သူမကို အမြဲတမ်းလိုလို ဝေဖန်ပြစ်တင်ရှုံချနေခဲ့ပါတယ်။ ဒါတွေကို နေ့စဉ်နဲ့အမျှ မြင်နေကြားနေရတဲ့ သူမဟာ မခံနိုင်တော့တဲ့အဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာပဲဖြစ်ပါတယ်။

 

 

Sulli လို နာမည်ကြီးအနုပညာရှင် တစ်ယောက် သူ့ကိုယ်သူ အဆုံးစီရင်ပြီးနောက် တောင်ကိုးရီးယားပြည်သူတွေအနေနဲ့ ပူဆွေးသောက ရောက်ခဲ့ကြပါတယ်။ Sulli သေဆုံးပြီးနောက် တောင်ကိုးရီးယားနိုင်ငံ အမျိုးသားလွှတ်တော် ကောင်စီရုံးမှ အသစ်ရေးဆွဲမယ့် ဥပဒေတစ်ခုအကြောင်းပြောပြလာပါတယ်။

တောင်ကိုးရီးယားမှာ ဆိုရှယ်မီဒီယာကို ဘဝကြီးလို့ သတ်မှတ်ထားသူတွေများလာပြီး ဆိုရှယ်မီဒီယာမှာ ရှိတဲ့ လူတစ်စုရဲ့ ဝေဖန်ပုတ်ခတ်မှုတွေကြောင့် သေဆုံးသူဦးရေ များပြားလျက်ရှိပါတယ်။ လွှတ်တော်ကောင်စီမှ ဝန်ကြီးများဟာ အင်တာနက်ပေါ်မှာ သူတစ်ပါးကို ထိခိုက်နစ်နာစေတဲ့ အကြောင်းအရာ (သို့) ကော်မန့်ရေးသားသူများကို တရားဥပေဒအရ ကိုင်တွယ်ဖြေရှင်းသွားတော့မယ် ဆိုတဲ့အကြောင်း ထုတ်ပြန်ကြေညာလာပါတယ်။

Sulli သေဆုံးပြီးမှ ထုတ်ဖြစ်သွားတဲ့ ဥပဒေဖြစ်တာကြောင့် ဒီဥပဒေကို "Sulli Law" ဆိုပြီး အမည်ပေးထားပါတယ်။ ဒီဥပဒေပြဋ္ဌာန်းဖို့ တရားရေးလွှတ်တော်မှ အဖွဲ့ဝင် ၉ ဦးတိတိ သဘောတူညီထားပြီး မကြာခင် အကောင်အထည်ဖော်သွားမယ်လို့ သိရှိရပါတယ်။

 

 

လူမှုကွန်ယက်က လူတစ်စုဟာ လူတစ်ယောက်ရဲ့ အသက်ကိုတောင် အန္တရာယ်ပေးနိုင်ပါတယ်။ လက်နက်လို အရာဝတ္ထုပစ္စည်းတွေနဲ့ သတ်မှ သေတာမဟုတ်ပါဘူး။ စိတ်ကိုသတ်လဲသေပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 

 

 


16 Oct 2019     1,388 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS