BEC-TERO TV

ဒုက္ခသည်အမည်ခံပြီး ထင်ရာစိုင်းနေသူအချို့ကြောင့် နိုင်ငံတကာမှာ မြန်မာများ အရှက်ရ

16 Oct 2019     1,363 Views


တိုင်းတစ်ပါးမှာ ဒုက္ခသည်အမည်ခံပြီး ပေါက်ကရလေးဆယ် လျှောက်လုပ်နေတဲ့ လူအချို့ကြောင့် မြန်မာလူမျိုးတွေ အထင်သေးခံရပေါင်းလည်း များလှပါပြီ။ မဟုတ်က ဟုတ်က လုပ်ဇာတ်တွေခင်း လီဆယ်ပြီး UNHCR မှာ ဒုက္ခသည်စာရင်းခံယူကာ ကိုယ်ကျိုးအတွက် သက်သက် တတိယနိုင်ငံတွေကိုသွားဖို့ အလှည့်စောင့်နေကြမယ်ဆိုရင်လည်း ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်ကြပါတယ်။

မလေးရှားသတင်းစာ Harian Metro မှာ ဖော်ပြထားတဲ့သတင်းအရ (UNHCR) ဒုက္ခသည်ကတ်ပြား ကိုင်ဆောင်ထားတဲ့ မြန်မာတစ်ဦးက တက္ကသိုလ်ကျောင်းသူကို အဝေးပြေးကားပေါ်မှာ မဖွယ်မရာပြုလုပ်ခဲ့တဲ့အတွက် ထိမ်းသိမ်းစစ်ဆေးခြင်း ခံထားရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ဝေလီဝေလင်း ၁၂ နာရီ ၅ မိနစ်အချိန်ခန့်က မလေးရှားနိုင်ငံ ‘ကီမာမန်’ ကနေ ‘ကလန်တန်’ ကို မောင်းနှင်လာတဲ့ Express ကားပေါ်မှာ ခုံခြင်းကပ်လျက် ထိုင်နေတဲ့ အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူကို အသက် ၂၈ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးက တို့ထိပွတ်သပ်ခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အမျိုးသားဟာ သူ့ရဲ့ တံတောင် ကိုယ်လုံးစတာတွေနဲ့ ကျောင်းသူလေးကို တစ်ချိန်လုံး ပွတ်သပ်တို့ထိနေခဲ့ပြီး ‘ဘူကစ်ဘတ်စီ’ မြို့အနီး ရောက်တဲ့အချိန်မှာ မိန်းကလေးရဲ့ ရှပ်အင်္ကျီထဲကို လက်နဲ့နှိုက်ဖို့ ကြိုးစားခဲ့တာကြောင့် မိန်းကလေးက လက်ကိုဆွဲဖယ်ခဲ့ပြီး အိပ်ပျော်နေတဲ့ အခြားခရီးသည် တစ်ဦးကို နှိုးကာ နေရာခြင်းလဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီနောက် သူမရဲ့ ဖခင်ဆီကို ဖုန်းခေါ်ပြီး အဖြစ်ပျက်အားလုံးကို တိုင်ကြားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ဘတ်စ်ကားမောင်းသူနဲ့ ဖုန်းထဲမှာ အပြန်အလှန်ပြောဆိုခဲ့ပြီးနောက် ကားမောင်းသူက မြန်မာအမျိုးသားကို နေရာပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။

အဲဒီနောက် ‘ဘူကစ်ဘတ်စီ’မြို့ရှိ ရဲစခန်းကို မောင်းကာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ အမျိုးသားကို ရဲစခန်းက ကာအိန္ဒြေထိပါးစော်ကားခြင်း ပုဒ်မ ၃၅၄ အရအမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။


16 Oct 2019     1,363 Views




RELATED

Most Popular of International News

Most Popular of NEWS