BEC-TERO TV

အမည်ပေါက်ပြောင်းလဲထားခြင်းမရှိသည့် ယာဉ်ပိုင်ရှင်ကို ကျပ် ၃ သိန်းဒဏ်ရိုက်မည့် ဥပဒေဆွေးနွေးမည်

18 Oct 2019     1,419 Views


ယာဉ်ပိုင်ရှင်များအနေနဲ့ တစ်ဆင့်ပြန်လည် ဝယ်ယူထားသော ယာဉ်များကို အမည်ပေါက်ပြောင်းလဲခြင်းမရှိပဲ မောင်းနှင်နေသည်ကို တွေ့ရှိပါက ကျပ်ငွေ ၃ သိန်းထိ ဒဏ်ရိုက်နိုင်သော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စီမံခန့်ခွဲမှုဥပဒေကို အတည်ပြုရန် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် စီမံခန့်ခွဲမှု ဥပဒေကြမ်းအရ မော်တော်ယာဉ် လက်ဝယ်ပိုင်ဆိုင် သူက ရက်ပေါင်း သုံးဆယ်အတွင်း အမည်ပေါက် ဆောင်ရွက်ထားခြင်း မရှိဘူးဆိုရင် ကျပ်သုံးသိန်းထက် မပိုတဲ့ ပြစ်ဒဏ်ချမှတ်မှာ ဖြစ်ပါတယ်၊ ဥပဒေကြမ်းကို လွတ်တော်က သဘောတူတဲ့အတွက် သြဂုတ်လမှာ တရားဝင်ကြေညာခဲ့ပြီး ဖြစ်ပါတယ်၊ ကြေညာထားတဲ့ ဥပဒေကြမ်းကိုလည်း ဥပဒေကြမ်းကော်မတီနဲ့ ပြည်ထောင်စုလွတ်တော်မှာ တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် ၂ဝ ရက် က တရားဝင်ကြေညာခဲ့သော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေကြမ်းတွင် အခန်းပေါင်း ၁၄ ခန်း ပါဝင်ပြီး အခန်း ၁၂ တွင် ဖော်ပြ ထားသည့် တားမြစ်ချက်များကို ကျူးလွန်ပါက ပြစ်ဒဏ်အပေါ်မူ တည်၍ ငွေဒဏ်ဖြစ်စေ၊ ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် ထောင် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရန် ပါရှိသည်။ ထိုဥပဒေကြမ်းကို ပြည် ထောင်စုလွတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် စီမံခန့်ခွဲမှု ဥပဒေကြမ်းတွင် တားမြစ်ချက် ၁ဝ ချက်ပါဝင်ပြီး ပုဒ်မ ၆၉ တွင် မော်တော်ယာဉ် လက်ဝယ်ပိုင်ဆိုင်သူသည် မော်တော်ယာဉ် ပေးကမ်းခြင်းနှင့် ရောင်းချခြင်း ပြုလုပ်ရာ၌ မော်တော် ယာဉ်ပေးကမ်းသည့်နေ့ရက်၊ သို့မဟုတ် အရောင်းအဝယ်စာချုပ် ချုပ်ဆိုသည့်နေ့ရက်မှ ရက်ပေါင်း သုံးဆယ်အတွင်း မော်တော်ယာဉ် မှတ်ပုံတင်ထားသူ အမည်ပြောင်း လဲပေးနိုင်ရေးအတွက် လျှောက်ထားရန် ပျက်ကွက်ခြင်း မရှိစေရ၊ အမွေဆက်ခံခြင်းနှင့် မော်တော် ယာဉ်ရရှိသူသည် မော်တော်ယာဉ် မှတ်ပုံတင်ထားသူ အမည်ပြောင်းလဲရန် တရားဝင်ရရှိသည့် ရက်မှ ရက်ပေါင်းသုံးဆယ်အတွင်း လျှောက်ထားရန် ပျက်ကွက်ခြင်း မရှိစေရ၊ မော်တော်ယာဉ်မှတ်ပုံတင်ထားသူ အမည်ပြောင်းလဲပေးရန်လျှောက် ထားရာတွင် မော်တော်ယာဉ် ပေး ကမ်းခြင်းနှင့် ရောင်းဝယ်ခြင်း စာချုပ်၌ ဝယ်ယူသူ၏အမည်နှင့် နေရပ်လိပ်စာ အပါအဝင် အခြားအ ချက်အလက် တစ်စုံတစ်ရာကို မမှန်မကန်ဖော်ပြခြင်း၊ ပြင်ဆင်ခြင်း၊ ချန်လှပ်ခြင်း၊ သို့မဟုတ် စာ ချုပ်ချုပ်ဆိုသည့် နေ့ရက်ကို မမှန်မကန်ဖော်ပြခြင်းတို့ကို မပြုလုပ်ရန် ကြေညာထားပြီး ဖောက်ဖျက်ကျူး လွန်ပါက ကျပ်သုံးသိန်းထက်မပို သောငွေဒဏ်ချမှတ်မည်ဟု အခန်း ၁၃ တွင် ပြဌာန်းထားကြောင်း သိ ရသည်။

သတင်း - ဆန်းသစ်အောင်


18 Oct 2019     1,419 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS