BEC-TERO TV

အမုန်းစကားရေးသားသူတွေကို ဂရုမစိုက်ဖို့ တိုက်တွန်းလိုက်တဲ့ မင်းသမီးကြီး Bae Jong Ok

18 Oct 2019     1,470 Views


ကိုးရီးယားဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ မြန်မာပရိတ်သတ်တွေအနေနဲ့ မင်းသမီးကြီး Bae Jong Ok ကို မျက်မှန်းတန်းမိကြမှာပါ။ Bae Jong Ok ဟာ ဒီနှစ်ထဲမှာ အနုပညာသက်တမ်း ၃၅ နှစ်ရှိသွားပါပြီ။

လတ်တလော Sulli သေဆုံးတာနဲ့ ပတ်သတ်ပြီး လူမှုကွန်ယက်က အမုန်းစကားရေးသားသူတွေကြောင့် သောကရောက်နေတဲ့  ဂျူနီယာ သရုပ်ဆောင်တွေကို depression နဲ့ပတ်သတ်လို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ အင်တာဗျူးတစ်ခုမှာ ပြောပြလာပါတယ်။

“ကျွန်မအနေနဲ့ နောက်တက်လာတဲ့ ဂျူနီယာလေးတွေကို ပြောပြချင်တာကတော့ လူမှုကွန်ယက်က ကော်မန့်တွေကို မဖတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါတွေက ဖတ်နေစရာမလိုပါဘူး သတင်းတွေ၊ မီဒီယာတွေ နဲ့ သင်တို့ မန်နေဂျာတွေဆီက အလိုလိုနေရင်း ကြားနေရမှာပါ။

ဆယ်လီ(အနုပညာရှင်) အများစုက အမုန်းစကားရေးသားသူတွေကြောင့် သောကရောက်ကြရတယ်။ တစ်စုံတစ်ယောက်က သူတို့ကို မကြိုက်ဘူးလို့ ပြောလိုက်ရင် သူတို့ မလွတ်လပ်သလို ခံစားနေရတယ်၊ အပြင်မှာ အများအမြင်မှာ ဂရုမစိုက်ဘူးလို့ ပြောနေပေမယ့် တကယ်တော့ သူတို့စိတ်ထဲမှာ အသိအမှတ်ပြုခံချင်တဲ့ စိတ်လေးကတော့ ကိန်းအောင်းနေတာပါပဲ။

တကယ်လို့ ဂျူနီယာလေးတွေအနေနဲ့ ကော်မန့်တွေကို မကြည့်ဘဲ မနေနိုင်ဘူးဆိုရင်တော့ တစ်နည်းပဲရှိပါတယ်။ သူတို့ပြောတဲ့အတိုင်း ကိုယ်တိုင် လိုက်ပြောင်းလဲ ပေးလိုက်ရုံပါပဲ။ မပြောင်းလဲချင်ဘူးဆိုရင်တော့ သူတို့ပြောတာတွေကို ခံနိုင်ရည်ရှိအောင်၊ ဘယ်သူဘာပြောပြော အကောင်းဘက်က မြင်တတ်အောင် မိမိကိုယ်မိမိလေ့ကျင့်ပေးရတော့မှာပါ။ ဒါမှသာ လွတ်လပ်တဲ့ လူသားတစ်ယောက်ဖြစ်လာနိုင်မယ်” ဆိုပြီး ပြောပြသွားပါတယ်။

ref:koreaboo

(ပိုပိုလေး)

                                                                                                                                                           

 

 


18 Oct 2019     1,470 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS