BEC-TERO TV

သက်ငယ်မုဒိန်း အကြိမ်ကြိမ် ကျူးလွန်ခဲ့သူအား ထောင်ဒဏ် ၂၀၂ နှစ် ချမှတ်

18 Oct 2019     2,403 Views


မလေးရှားနိုင်ငံမှ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးက မယားပါသမီးဖြစ်သူ အသက် ၁၂ နှစ် အရွယ်မိန်းကလေးအား အဓ္ဓမအကြိမ်ကြိမ် ပြုကျင့်ခြင်း၊ ဗလက္ကာရလုပ်ခြင်းနဲ့ သဘာဝအတိုင်းမဟုတ်သည့် လိင်ဆက်ဆံမှုများ ကျူးလွန်ခဲ့သည့်အတွက် ထောင်ဒဏ် ၂၀၂ နှစ် ချမှတ်လိုက်သည်။

မလေးရှားသတင်းစာ Malay Mail တွင် ဖော်ပြထားတဲ့သတင်းရ ပယ်ရက်ပြည်နယ် ကန်ပုန်တာဆူစန်ဘာရူး ရှိ မိသားစုနေအိမ်တွင် အသက် ၁၂ နှစ်အရွယ် မယားပါသမီးကို ၂၀၁၆ ခုနှစ် ဧပြီလမှစတင်ကာ ယခုနှစ် စက်တင်ဘာလထိ လိင်ပိုင်းဆိုင်ရာမျိုးစုံကျူးလွန်မှုနဲ့ အဓ္ဓမပြုကျင့်မှု ၂၂ ကြိမ်ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ကလေးမလေးရဲ့ မိခင်ဖြစ်သူက အမျိုးသား၏ လက်ကိုင်ဖုန်းအတွင်းမှ သူ့သမီးငယ်၏ အဝတ်အစားမပါတဲ့ ပုံတွေကို မထင်မှတ်ပဲ တွေ့ရှိသွားခဲ့ပြီးနောက် အဲဒီနေ့မှာပင် ချက်ခြင်း ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အမျိုးသားဟာ ကလေးမလေး၏မိခင် အပြင်သွားနေချိန်နဲ့ အိပ်နေတဲ့အချိန်တွေမှာ လိင်ပိုင်ဆိုင်ရာကျူးလွန်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဒီအကြောင်းတွေကို ပြန်ပြောရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားခဲ့ပါတယ်။

တရားရုံးက ကြားနာစစ်ဆေးခဲ့ပြီးနောက် အပြစ်ဒဏ်များအားလုံးကို တစ်ပေါင်းတစ်စည်းထဲ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည့်အတွက် ထောင်ဒဏ်စုစုပေါင်း ၂၀၂ နှစ် ကျခံရန် မလိုတော့ပဲ ၃၈ နှစ်သာ ကျခံရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကြိမ်ဒဏ် ၃၈ ချက်ပါ ပူးတွဲကျခံရမှာပါ။

အသက် ၃၇ နှစ်အရွယ် တရားခံကို ပုဒ်မ ၃၅၄၊ ၃၇၆(ခ)၊ ၃၇၇(ဂ) နဲ့ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဥပဒေပုဒ်မ ၅၀၉ ၏ အခန်း ၁၄(က) အရ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။


18 Oct 2019     2,403 Views




RELATED

Most Popular of International News

Most Popular of NEWS