BEC-TERO TV

မသန်စွမ်းသူတွေ ထိန်းချုပ်မောင်းနှင်တဲ့ စက်ရုပ်ကော်ဖီဆိုင် တိုကျိုတွင်ဖွင့်လှစ်

18 Oct 2019     1,369 Views


အကြောင်းအမျိုးမျိုးကြောင့် အိမ်ထဲကနေအိမ်ပြင် မထွက်နိုင်၊ မလှုပ်ရှားနိုင်တဲ့ မသန်းစွမ်းသူများက အိမ်ကနေ ထိန်းချုပ်မောင်နှင်တဲ့ စက်ရုပ်စားပွဲထိုးများနဲ့ ကော်ဖီဆိုင် Dawn Ver café ကို ဂျပန်နိုင်ငံ တိုကျိုတွင် အချိန်အကန့်အသတ်နဲ့ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ဆိုင်ထဲမှာ စားပွဲထိုးအဖြစ်သွားလာနေကြတဲ့ စက်ရုပ်တွေကို ထိန်းချုပ်မောင်းနှင်သူ မသန်းစွမ်း အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀ ဦး ရှိပြီး အသက် ၁၇ နှစ်ကနေ ၅၈ နှစ်ကြားတွေ ဖြစ်ပါတယ်။

သူတို့တွေဟာ လစာအဖြစ် တစ်နာရီကို ယန်း ၁,၀၀၀ (ကျပ် ၁၄,၀၇၈) ရရှိနေကြပြီး ဒီနှုန်းထားဟာ အပြင်မှာကိုယ်တိုင် စားပွဲထိုးလုပ်သူတွေရတဲ့ နှုန်းထားနဲ့ အတူတူပဲဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ဟာ မသန်စွမ်းသူတွေအတွက် အထောက်အကူပြုပြီး အမှီအခိုကင်းသည်ထက် ကင်းလာအောင် ပံ့ပိုးလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

ကော်ဖီဆိုင်တွေမှာ အသုံးပြုနေတဲ့ စက်ရုပ်တွေကို ဂျပန်စွန့်ဦးလုပ်ငန်း Ory က တီထွင်ထားတဲ့ OriHime-D အမျိုးစား စက်ရုပ်တွေဖြစ်ပါတယ်။ ဒီစက်ရုပ်တွေကို တီထွင်ခဲ့တဲ့ ကနဦးရည်ရွယ်ချက်ကတော့ မသန်စွမ်းတွေအတွက် အချို့သော လုပ်ငန်းဆောင်တာတွေကို ကူညီနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။

၁.၂ မီတာ အမြင့်ရှိတဲ့ စက်ရုပ်တွေဟာ ချောချောမွေ့မွေ့ ရွေ့လျားသွားလာနိုင်တဲ့အပြင်၊ ပစ္စည်းသယ်တာ စာသုံးသူတွေနဲ့ စကားပြောတာတွေကိုပါ အကန့်အသတ်နဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒီစွမ်းဆောင်ရည်တွေကြောင့်ပဲ ကော်ဖီဆိုင်အတွက် အသုံးတည့်နေပါတယ်။

ဒီစက်ရုပ်တွေကို ထိန်းကျောင်းမောင်းနှင်ပေးနေတဲ့ မသန်စွမ်းတွေဟာ ဂျပန်နိုင်ငံထဲကအပြင် နိုင်ငံပြင်ပက လူတွေလည်း ပါဝင်ပါတယ်။ အဝေးထိန်းစနစ် ကွန်ယက်ဆက်သွယ်မှုနဲ့ ထိန်းချုပ်မောင်းနှင်ရတာဖြစ်ပါတယ်။

ဒီကော်ဖီဆိုင်ကို နှစ်ပတ်လောက်ပဲ ကနဦးစမ်းသပ်ဖွင့်လှစ်မှာဖြစ်ပါတယ်။ စက်ရုပ်တီထွင်သူက ကမ်းပိန်းတွေကနေရလာတဲ့ ရံပုံငွေတွေနဲ့ ၂၀၂၀ ခုနှစ်မှာ Dawn Ver café ကို အမြဲတမ်းအချိန်ပြည့် ဖွင့်လှစ်နိုင်လိမ့်ဖို့ ကြိုးစားနေကြောင်း သိရသည်။

ဒီကော်ဖီဆိုင်မှာ သွားရောက်အားပေးဖို့ လက်မှတ်တွေ ကြိုတင်ဝယ်ရတာဖြစ်ပြီး လက်ရှိမှဦတော့ လက်မှတ်တွေအားလုံး ရောင်းကုန်သွားပြီလို့ သိရပါတယ်။


18 Oct 2019     1,369 Views




RELATED

Most Popular of International News

Most Popular of NEWS