BEC-TERO TV

ပိုလီယိုဖြစ်နေတဲ့ မိန်းကလေးကို မျက်ရည်ကျတဲ့ထိ ပျော်ရွှင်မှုတွေပေးခဲ့တဲ့ Sinon Loresca

18 Oct 2019     1,432 Views


သန်မာတောင့်တင်းပြီး ကျစ်လစ်လှပတဲ့ဘော်ဒီနဲ့ ယောကျာ်းရင့်မာကြီးတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာတွေနဲ့ ပြည့်စုံပေမယ့်  LGBT Gay တစ်ယောက်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံသား  အင်တာနက်ဆယ်လီတစ်ဦးဖြစ်သူ Sinon Loresca ကိုတော့ သူ့ရဲ့ကျွမ်းကျင်ပိုင်နိုင်လှတဲ့ Catwalk တွေေကြောင့်ပဲ မြန်မာပရိသတ်တွေက စတင်ရင်းနှီးခဲ့ကြတာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ဒေါက်ဖိနပ်အမြင့်ကြီးတွေစီးပြီး နွဲ့နွဲ့လျောင်းလျောင်းနဲ့ Catwalk လျှောက်ရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပိုင်နိုင်တာကြောင့် Sinon ကို Catwalk King လို့လဲ တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ ဥပဓိရုပ်အပြင်ပန်းပုံသဏ္ဌာန်ကိုကြည့်ရုံနဲ့ လူတစ်ယောက်ကို အကဲခတ်ဝေဖန်လို့မရဘူးဆိုတာကိုတော့ Sinon က မြန်မာပြည်ကပရိသတ်တွေကို သက်သေပြသွားခဲ့ပါပြီ။

လက်ရှိမှာတော့ Sinon ဟာ မြန်မာပြည်ကိုဒုတိယအကြိမ်အဖြစ် ပြန်လည်ရောက်ရှိနေတာအချိန်အတော်ကြာပြီဖြစ်ပြီး သူ့အနေနဲ့ကြော်ငြာများစွာကို ရိုက်ကူးလျက်ရှိသလို မြန်မာပြည်အနှံ့ကိုလည်း သွားရောက်လည်ပတ်ခဲ့တာကို ​တွေ့ရပါတယ်။ ဖြူစင်တဲ့စိတ်ထားပိုင်ရှင်၊ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင် Sinon ကတော့ တွေ့လေရာနေရာ ရောက်လေရာအရပ်ဒေသတို့က မရှိဆင်းရဲသားတွေကို တက်စွမ်းသမျှလိုက်လံကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မြန်မာပရိသတ်တွေက သူ့ကိုတစ်နေ့ထက်တစ်နေ့ အချစ်ပိုလာကြတာဖြစ်ပါတယ်။

ပရဟိတစိတ်ဓာတ်တို့ပြည့်နှက်နေတဲ့ Sinon ကတော့ ယခုလဲပြောစမှတ်ဖြစ်စရာ အလှူအတန်းတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ အဲ့တာကတော့ ပိုလီယိုရောဂါကြောင့် လမ်းမလျှောက်နိုင်ဖြစ်နေတဲ့ မိန်းကလေးတစ်ဦးကို အိမ်တိုင်ရာရောက်ထိသွားရောက်ကာ မျက်ရည်ကျစေတဲ့အထိ ပျော်ရွှင်မှုတွေဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ပိုလီယိုဖြစ်ပြီး လမ်းမလျှောက်နိုင်တော့တဲ့အပြင် ကိုယ်ဝန် ၄ လရှိနေတဲ့ မိန်းကလေးတစ်ဦးအတွက် ဝှီးချဲတစ်ခုကိုလက်ဆောင်ပေးရင်း အိမ်တိုင်ရာရောက်သွားရောက်ပြီး အားပေးစကားများပြောကြားခဲ့တဲ့ Sinon ရဲ့ဗီဒီယိုက ကြည့်ရှုသူတွေကို ဝမ်းသာမျက်ရည်တွေကူးစက်စေခဲ့ပါတယ်။ ဖြူစင်တဲ့စိတ်နှလုံးသားပိုင်ရှင် Sinon ရဲ့ဗီဒီယိုဖိုင်ကိုပါ ဖော်ပြပေးလိုက်ပါတယ်။

 

(ပိုပိုလေး)


18 Oct 2019     1,432 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment