BEC-TERO TV

ရှိုးရဲ့ Editing ပိုင်းကအစ နောက်ကွယ်ကကြိုးကိုင်ထားတဲ့ ဇင်အောင်နဲ့ပတ်သက်ပြီး ပြောလာတဲ့ သန္တာလှိုင်

22 Oct 2019     1,529 Views


Reality show ကြီးတစ်ခုဖြစ်တဲ့ The Model Academy TV show အစီအစဉ်ဟာ လတ်တလောမှာ လူစိတ်ဝင်စားမှုအများဆုံးနဲ့ အအောင်မြင်ဆုံး show တစ်ခုဖြစ်လို့နေပါတယ်။ The Model Academy အစီအစဉ်ကိုထုတ်လွှင့်ခဲ့တာ ယခုဆိုရင် Season 3 ထိရောက်ရှိခဲ့ပါပြီ။ တစ်နှစ်ထက်တစ်နှစ်ပိုမိုထူးခြားလာတာကြောင့် အားလုံးကစိတ်ဝင်တစားစောင့်ကြည့်ရတဲ့ TV Show အစီအစဉ်လဲဖြစ်ပြီး တစ်ပတ်တစ်ခါ အစီအစဉ်ထုတ်လွှင့်တိုင်းမှာ ဂယက်ပေါင်းသောင်းခြောက်ထောင်နဲ့အတူ ဝေဖန်မှုတွေပါသောသောညံနေတဲ့ အစီအစဉ်တစ်ခုပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အားလုံးကြည့်ပြီးကြတဲ့အတိုင်း ဒီတစ်ပတ်ထုတ်လွှင့်ပြသခဲ့တဲ့ အပိုင်းမှာဆိုရင်တော့ ပြိုင်ပွဲဝင်နှစ်ဦးရဲ့နောက်ကွယ်ကဇာတ်လမ်းကို ထုတ်ဖော်ပြသခဲ့ပြီး ကြည့်ရှုသူပရိသတ်ကြားမှာတော့ အတော်လေးကိုပြောစမှတ်ဖြစ်နေကြပါတယ်။ အစ်မလိုပဲခင်တာဆိုပြီး သမီးရည်းစားမဟုတ်ပဲ သမီးရည်းစားဆက်ဆံရေးမျိုးနေခဲ့ကြတဲ့ပြိုင်ပွဲဝင်နှစ်ဦးကို ပရိသတ်တွေကအမျိုးမျိုးဝေဖန်မှုတွေပြုကြသလို ဒီလိုကိစ္စရပ်မျိုးကို Public ကနေထုတ်ဖော်မပြသသင့်ဘူးလို့ ဝေဖန်သုံးသပ်သူတွေလဲရှိခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ထိုပြိုင်ပွဲဝင်နှစ်ဦးကြောင့် ဒိုင်နှစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်နဲ့ ဇင်အောင်တို့ကြားမှာတောင် ကတောက်တဆအငြင်းပွားဖွယ်ရာတွေဖြစ်ခဲ့တာ ပရိသတ်ကြီးလဲတွေ့မြင်ပြီးဖြစ်မှာပါ။ ထိုသို့ပရိသတ်တွေကြားမှာ ဆူဆူညံညံဖြစ်သွားစေတဲ့ The model academy show အစီအစဉ်နဲ့ပတ်သက်ပြီး မော်ဒယ်သန္တာလှိုင်က ယခုလိုပဲပြောကြားသွားခဲ့ပါတယ်။

“Public ကိုချပြတာ သင့်တော်တယ် မသင့်တော်ဘူးဆိုတာက ဒီ reality TV show မှာက ကင်မရာတွေနဲ့အမြဲတမ်းအချိန်ပြည့် Recording လုပ်ထားမယ်။ Recording လုပ်ထားတဲ့အရာတွေအားလုံးက Public ကိုချပြခွင့်ရှိပါတယ်ဆိုတာကို သဘောတူထားတဲ့ Talent တွေရယ်၊ တည်းဖြတ်သူတွေရယ် ပရိုဂျူဆာတွေရယ် အဲ့တာတွေကဆုံးဖြတ်တာပါ။ ကြည့်တဲ့သူတွေက မသင့်တော်ဘူး မကြည့်သင့်ဘူးလို့ထင်ရင် မကြည့်ပဲရှောင်သွားလို့ရပါတယ်။ ကာယကံရှင်တွေပေါ်မှာပဲမူတည်တဲ့အတွက် ဘေးနားကနေ ကြားထဲကနေဘာမှပြောပိုင်ခွင့်မရှိပါဘူး” ဆိုပြီးပြောသွားခဲ့ပါတယ်။

ဒိုင်အချင်းချင်းဖြစ်တဲ့ ဇင်အောင်နဲ့ကတောက်တဆ အငြင်းပွားဖွယ်ရာဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးလဲ “ကိုယ့်ရဲ့အမြင်က ဇင်အောင်နဲ့ တစ်ခါတစ်လေတူချင်မှတူမယ် အမြဲတမ်းလဲ တူနိုင်ချင်မှတူနိုင်မယ်။ ပြီးတော့ ဒီရှိုးရဲ့အနှစ်သာရကိုက ကိုယ့်စိတ်ထဲမှာရှိတဲ့ခံစားချက်နဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ကြိုက်သလိုပြောပိုင်ခွင့်ရှိတဲ့အတွက် အမတို့ကအမြဲတမ်းတော့ သဘောတူနေနိုင်မှာမဟုတ်ပါဘူး။ ဇင်အောင်နဲ့အမဆိုတာကလဲ ထသတ်သင့်ရင် သတ်ရမှာပဲ” လို့ ဆိုသွားပါတယ်။

ဆက်လက်ပြီး ဒီရှိုးတစ်ခုလုံးကို Editing ပိုင်းကအစ နောက်ကွယ်ကနေ ဇင်အောင်ကပဲ ကြိုးကိုင်တာဝန်ယူထားကြောင်းနဲ့ The Model Academy ရှိုးကြီးတစ်ခုလုံးအောင်မြင်နေသရွေ့ ဇင်အောင်ကိုချီးကျူးနေမှာပါလို့လဲ ဆိုသွားပါတယ်။ “ဒီရှိုးတစ်ခုလုံးက အမကိုပရိသတ်ချစ်အောင်လဲ ဆက်လို့ရတယ်။ ပရိသတ်မုန်းအောင်လဲ ဆက်ပေးလို့ရတယ်။ ဒီလို editing ပိုင်းတွေအကုန်လုံးကို အနောက်ကကြိုးကိုင်ထားတာက ကိုဇင်အောင်ဖြစ်တဲ့အတွက် ပရိသတ်တွေသူ့ကို မုန်းအောင်ပဲဖြစ်ဖြစ် ချစ်အောင်ပဲဖြစ်ဖြစ် ဒီကားဆက်ထားတာတွေအကုန်လုံးက သူ့လက်ထဲမှာ သူလုပ်ထားတာဖြစ်လို့ ဒီရှိုးကြီးအောင်မြင်နေသရွေ့ အမကတော့ သူ့ကိုချီးကျူးနေမှာပါ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

 

Source_MC 7

(ပိုပိုလေး)


22 Oct 2019     1,529 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment