BEC-TERO TV

UFC ကြိုးဝိုင်းထဲကို ပြန်လာပြီလို့ ကြွေးကြော်လိုက်တဲ့ မက်ဂရီဂေါ်

25 Oct 2019     1,960 Views


MMA လောကရဲ့ နာမည်ကျော် ဖိုက်တာတွေဖြစ်တဲ့ မက်ဂရီဂေါ် နဲ့ ခါဘစ်တို့ဟာ မကြာခင်မှာ ပွဲဖြစ်တော့မယ်လို့ သတင်းတွေက ဆိုခဲ့ပါတယ်။
မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UFC နာမည်ကျော် ဖိုက်တာ မက်ဂရီဂေါ် မကြာခင်မှာ ကြိုးဝိုင်းအတွင်းကို ပြန်လည် ဝင်ရောက်တော့မှာ ဖြစ်တယ်လို့ သတင်းစကားပါးလိုက်ပါတယ်။

လာမည့် ဇန်နဝါရီ ၁၈ ရက်နေ့ လတ်စ်ဗီးဂတ် မှာ ကျင်းပမယ့် UFC ပြိုင်ပွဲ မှာ ပြန်လည် ပါဝင်လာမယ်လို့ မက်ဂရီဂေါ် ကအတည်ပြုသွားခဲ့ပါတယ်။ မက်ဂရီဂေါ်နဲ့ ထိုးသတ်မယ့် ဖိုက်တာ ဘယ်သူလဲဆိုတာကို မသိရသေးပေမယ့် ‘ဘယ်သူနေနေ ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ ’ ရိသဲသဲ စကားတွေကို ပြောခဲ့ပါတယ်။

မက်ဂရီဂေါ်ဟာ ပြီးခဲ့နှစ်က ထိုးသတ်ခဲ့တဲ့ UFC ပွဲမှာ ခါဘစ်ကို ရှုံးနိမ့်ထားပြီး ပွဲအပြီးမှာ ရန်ပွဲဖြစ်ခဲ့တာကြောင့် (၆) လကြာ ပွဲပယ်ခံခဲ့ရပါတယ်။ မက်ဂရီဂေါ်ဟာ ခါဘစ်ကို မကျေပွဲထိုးသတ်ဖို့ စိတ်ခေါ်စကားတွေ ဆိုထားပြီး ခါဘစ်ကိုနဲ့ပွဲလည်း မကြာခင် ဖြစ်လာမှာပါ လို့ပြောကြားခဲ့ပါတယ်။

ခါဘစ်နဲ့ ထိုးသတ်ဖို့အတွက် သီးသန့်စောင့်နေတော့မှာမဟုတ်ဘဲ ထိုးဖို့အတွက် အဆင့်သင့်အနေနဲ ့ရှိနေတော့မှာပါ။ ခါဘစ်အနေနဲ့လည်း ရှောင်ပြေးလို့တော့ ရမှာ မဟုတ်ပါဘူး။ မက်ဂရီဂေါ် က " (ခါဘစ်) နဲ့ ထိုးမယ့်ပွဲ က မကြာခင် ဖြစ်လာ ပါလိမ့်မယ် ၊ အဲ့ဒီအတွက်လည်း ကျနော်  သူ့ကို သီးသန့် စောင့်မျှော် နေမှာတော့ မဟုတ်ပါဘူး။

အခု ဒီကောင်းဘယ်ပြေးနေလဲ..။ မော်စကိုမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လည်းမတက်ရောက်ခဲ့ပါဘူး။ ဒါကလည်း သူပုံစံဖြစ်မှာပါ။ အားလုံးသိထားဖို့က မက်ဂရီဂေါ်ပြန်လာပြီ ဆိုတာပါ။ ဘယ်သူနေနဲ့ ဖိုက်ဖို့အဆင့်သင့် ဖြစ်နေပါပြီ လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် UFC ဥက္ကဌ ဒါနာ ဝှိုက် ကတော့ “ခါဘစ်က နောက်တစ်ကြိမ်ထိုးသတ်မယ့် ဖိုက်တာက ကော်နာမဟုတ်ပါဘူး ၊ တိုနီ ဖာဂူဆန် ပဲဖြစ်ပါတယ်။ ခါဘစ်ကတော့ တိုနီ ဖာဂူဆန်နဲ ့ထိုးသတ်ဖို့ အတွက် လျာထားတာဖြစ်ပြီး တိုနီ ဘက်က လက်ခံ ၊ လက်မခံတော့ မသိသေးပါဘူး။ တိုနီသာ လက်ခံရင်တော့ ပွဲဖြစ်ပါပြီ ” လို့ ပြောထားခဲ့ဖူးကြောင့် တိုနီ ဖာဂူဆန်နဲပဲ ထိုးသတ်သွားမလားဆိုတာ စိတ်ဝင်စားစရာပါ။


25 Oct 2019     1,960 Views




RELATED

Most Popular of Boxing

Most Popular of Sport