BEC-TERO TV

အာဆင်နယ်အသင်းမှာ ဆက်ရှိဖို့ မ​ရေရာ ၊ မသေချာဖြစ်လာတဲ့ ရှာကာ

29 Oct 2019     1,439 Views


အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ခရစ်စ္စတယ်ပဲလေ့ အသင်းကို ၂-၂ ဖြင့်သရေကျတဲ့ ပွဲမှာ အာဆင်နယ်အသင်းခေါင်းဆောင် ရှာကာဟာ လူစားလဲချိန်မှာ သူကိုဝိုင်း လှောင်နေကြတဲ့ အသင်းပရိတ်သတ်တွေကို  ရိသဲသဲ ပုံစံလုပ်ပြသွားပြီး ပါးစပ်ကလည်း ဆဲဆိုပြောဆိုခဲ့သလို အသင်းဂျာစီကို ချွတ်ကအဝတ်လဲခန်းကို တန်းထွက်သွားခဲ့ပါတယ်။

အခုလိုသူရဲ့လုပ်ပုံကြောင့် အာဆင်နယ်ပရိတ်သတ်တွေဟာ မှားယွင်းကြောင်း ပြောဆိုခဲ့သလို အာဆင်နယ်အသင်းနည်းပြ အမ်မရီက သူ့ကို အသင်းခေါင်းဆာင် ရာထူးကနေ ဖယ်ရှားဖို့  ပြင်ဆင်နေပါတယ်။ ဒါအပြင့် အသင်းအနာဂါတ်အတွက်ပါ စိုးရိမ်စရာဖြစ်လာပါတယ်။

အမ်မရီက ‘ ကျွန်တော်သူကို သီးသန့်တွေ့ဆုံပြီး မေးမြန်းသွားမှာပါ။ သူဆီက ပြန်ပြောတဲ့စကားကို ကြားချင်ပါတယ်။ သူလုပ်ဆာင်သွားတဲ့အရာကတော့ အလွန်မှားယွင်းတဲ့ အပြုအမှုပါလို့ ’ ပြောကြားခဲ့ပါတယ်။

အခြားသတင်းတွေအရ အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ နည်းပြ အူနှိုင်းအမ်မရီတို့က ရှာကာကို ခေါ်ယူ သီးသန့်တွေ့ ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ရှာကာဟာ အသင်းခေါင်းဆောင်ရာထူးသာမက အနာဂါတ်အတွက်ပါ စိုးရိမ်အနေအထား ဖြစ်လာပါတယ်။

ဒါနဲ့ပါတ်သတ်ပြီး အသင်းဖော် ဘယ်လာရင်က ‘ကျွန်တော်တို့ဟာ လူသားတွေဖြစ်တယ် ၊ စိတ်ခံစားချက်ရှိတယ် ၊ တစ်ခါတစ်လေမှာ စိတ်ကိုထိန်းချုပ်ဖို့မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် သူခံစားချက်ကို နားလည်နိုင်ပါတယ် ’ ဆိုပြီး ဆိုရှယ်မီဒီယာမှာ ဖွင့်ဟ သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ သရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် အဆင့်(၄) မှ ချဲလ်ဆီးအသင်းနဲ့ ၄ မှတ်အကွာ အမှတ်ပေးဇယားအဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။အခုလာမယ့် အပါတ်အတွင်းမှာ EFL CUP ဖလားပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းအိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။


29 Oct 2019     1,439 Views




RELATED

Most Popular of Football

Most Popular of Sport