BEC-TERO TV

ချစ်သူကောင်မလေးက နိုင်စားလွန်းလို့ ကောင်လေး မိမိကိုယ်ကိုယ် အဆုံးစီရင်

29 Oct 2019     1,660 Views


ချစ်သူသမီးရည်းစား ပက်သက်ဆက်နွယ်မှုမှာ တစ်ယောက်ယောက်က လွှမ်းမိုးချုပ်ကိုင်လွန်းအားကြီးပါက အဆုံးသတ် မလှမပ ဖြစ်ရတတ်ပါတယ်။ အမေရိကန်နိုင်ငံမှာနေထိုင်ရင်း တက္ကသိုလ်ကျောင်းတက်နေတဲ့ ဖိလစ်ပိုင်ကျောင်းသားတစ်ဦးဟာ သူရဲ့ရည်းစား တောင်ကိုရီးယား မိန်းကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက် ပြုမူစော်ကားခံရမှု၊ လွှမ်းမိုးမှုတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။

အဲဒီအတွက် တောင်ကိုရီးယားနိုင်ငံကို ပြန်ထွက်သွားတဲ့ မိန်းကလေးကို လာရောက်အဖမ်းခံဖို့ အမေရိကန်တရားရုံးက ဆင့်ခေါ်နေပါတယ်။

ဖိလစ်ပိုင်လူမျိုး Alexander Urtula အသက် ၂၂ နှစ်ဟာ နယူးဂျာစီပြည်နယ်မှာ နေထိုင်ပြီး ဘော်စတွန်ကောလိပ်မှာ ဇီဝဗေဒဘာသာရပ်အထူးပြုနဲ့ ကျောင်းတက်နေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ တောင်ကိုရီးယားလူမျိုး Inyoung You ဟာလည်း ဘော်စတွန်ကောလိပ်မှာ စီးပွားရေးဘာသာရပ်နဲ့ ကျောင်းတက်နေစဉ် ဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း ၁၈ လ အတွင်းမှာ ကိုရီးယားမလေး You က Urtula အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဆက်ဆံခဲ့ပါတယ်။ ကိုယ်ထိလက်ရောက်၊ နှုတ်ဖြင့်ပြောဆိုပြီး စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတဲ့ထိ သူ့ရဲ့ဘဝတစ်ခုလုံးကို လွှမ်းမိုးချယ်လှယ်ခဲ့တယ်လို့ ခရိုင်အစိုးရရှေ့နေဖြစ်သူ Rachael Rollins က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Urtula ကို သူ့ရဲ့မိဘအသိုင်းအဝိုင်း အပေါင်းအသင်းတွေနဲ့ပါ ဝေးကွာအောင် You က လွှမ်းမိုးချုပ်ကိုင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ သူတို့နှစ်ယောက် ပြဿနာတွေ ခဏခဏတက်ခဲ့ကြပြီး You က ပေးပို့တဲ့ မက်ဆေ့ချ်တွေထဲမှာ “သွားသေလိုက်” “ကိုယ်ကိုယ်ကိုယ်သတ်သေလေ” စသဖြင့် အသုံးအနှုန်းပါတဲ့ မက်ဆေ့ချ်ပေါင်း ၄၇,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြဿနာတွေ ဖိအားတွေကြောင့် Urtula ဟာ သူဘွဲ့ယူရမယ့်နေ့ မေလ ၂၀ ရက်နေ့မှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။

ဒီမက်ဆေ့ချ်တွေကို ကြည့်ခြင်းအားဖြင့် You က Urtula ပေါ်မှာ လွှမ်းမိုးနိုင်တဲ့ အနေအထားကို သိနိုင်ပြီး တစ်ချိန်လုံး ခြိမ်းခြောက်ပြောဆို သေခိုင်းနေတယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။

You ဟာလည်း မေလမှာ ဘွဲယူဖို့ရှိပေမယ့် သြဂုတ်လကတည်းက ကျောင်းထွက်သွားခဲ့ပြီး အခုဆိုရင် တောင်ကိုရီးယားနိုင်ငံကို ပြန်ရောက်နေပါတယ်။ အစိုးရရှေ့နေတွေကတော့ You ကို အမေရိကန်နိုင်ငံကို ပြန်လာပြီး အမှုရင်ဆိုင်ဖို့ ညှိနှိုင်းထားပါတယ်၊ အကယ်၍ ပြန်မလာဘူးဆိုခဲ့ရင်တော့ နိုင်ငံတစ်ကာ အင်တာပိုနဲ့ချိပ်ဆက်ပြီး အနီရောင်အဆင့် အချက်ပြကာ တရားခံပြေးအဖြစ် ဝရမ်းထုတ်မှာဖြစ်ပါတယ်၊ ကိုရီးယားအစိုးရကို ထိန်းသိမ်းခိုင်းပြီး အမေရိကန်နိုင်ငံကို တရားခံပြန်လည်လွှဲပြောင်းပေးဖို့တွေကိုပါ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အလာတူအဖြစ်မျိုး ၂၀၁၄ ခုနှစ်တုန်းက မန်ဆာချူးဆက်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ အမျိုးသမီးက အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့အတွက် ထောင်ဒဏ် ၁၅ လ ကျခံခဲ့ရဖူးပါတယ်။


29 Oct 2019     1,660 Views




RELATED

Most Popular of Special or Others

Most Popular of NEWS