BEC-TERO TV

အသက် ၆၇ နှစ် အမျိုးသမီးကြီး အောင်မြင်စွာ ကလေးမီးဖွား

29 Oct 2019     1,378 Views


တရုတ်နိုင်ငံက အသက် ၆၇ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကလေးမီးဖွားနိုင်ခဲ့ပြီး တရုတ်နိုင်ငံမှာ အသက်အကြီးဆုံး မိခင်အဖြစ် မှတ်တမ်းဝင်စံချိန်တင်သွားခဲ့ပါတယ်။

ရှန်ဒေါင်းပြည်နယ်က “တီယန်” လို့သာ ဖော်ပြထားတဲ့ အမျိုးသမီးကြီးဟာ အောက်တိုဘာလ ၂၅ ရက်နေ့က ကျိုကျောင်းမိခင်နဲ့ ကလေးဆေးရုံမှာ ဆရာဝန် နှစ်ဦးရဲ့ အကူအညီနဲ့ မီးဖွားနိုင်ခဲ့ပါတယ်။ “တီယန်” ရဲ့ ခင်ပွန်း အသက် ၆၈ နှစ်အရွယ် အမျိုးသားကြီးက ဒီကလေးလေးဟာ သူတို့မျှော်လင့်မထားပဲ ရလာတာဖြစ်လို့ ကောင်းကင်ဘုံက လွှတ်လိုက်တဲ့ ကလေးအဖြစ် သတင်းမီဒီယာတွေကို တင်စားပြောဆိုခဲ့ပါတယ်။ ကလေးရဲ့အမည်ကိုလည်း “ဘုရားရှင်ချီးမြှင့်ခြင်း” လို့ အဓိပ္ပါယ်ရတဲ့ “တီယန်စီ” လို့ လင်မယားနှစ်ယောက်စလုံး သဘောတူပြီး မှည့်လိုက်ပါတယ်။

အမျိုးသားကြီး ‘ဟူအန်း’ ဟာ ရှေ့နေတစ်ဦးဖြစ်ပြီး ‘တီယန်’ ကတော့ အငြိမ်းစား သူနာပြုဆရာမတစ်ဦးဖြစ်ပါတယ်။ သူတို့မှာ ကနဦးကတည်းက သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး မြေးတွေလည်း ရှိကာ မြေးအကြီးဆုံးပင်လျှင် အသက် ၁၈ နှစ် ကောလိပ်ကျောင်းသား ဖြစ်နေပြီဖြစ်သည်။

တရုတ်နိုင်ငံရဲ့ ဥပဒေအရ သားသမီးနှစ်ဦးထက်ပိုမယူရ ပြဌါန်းခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ တစ်အိမ်ထောင် ကလေးတစ်ယောက် စီမံချက်ကို ပြဌါန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သတင်းဆိုးနဲ့ ကျော်ကြားတဲ့ အဆိုပါစီမံချက်ကို အစိုးရက တင်းကျပ်မှုတွေ လျော့ချခဲ့ရပါတယ်။ အမျိုးသမီးကြီး ‘တီယန်’ ကတော့ သူ့အနေနဲ့ ကလေးမွေးနိုင်သေးတယ်ဆိုတာကို သိခဲ့ပေမယ့် တစ်ကယ်မွေးတဲ့အခါ စိတ်ဖိစီးမှုခံရပြီး အင်မတန်မှလည်း နာကျင်ကြောင်း သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

“အရမ်း အရမ်းနာတာ၊ ကျွန်မ မျက်လုံးတွေတောင် မဖွင့်နိုင်လောက်အောင်ပဲ” လို့ ပြောဆိုခဲ့ပါတယ်။ သူမကိုယ်ဝန်ဆောင်ချိန်တစ်လျောက်လုံး ဆရာဝန်တွေက အနီးကပ်စောင့်ကြည့်ခဲ့ကြပြီး ပြီးခဲ့တဲ့သောကြာနေ့မှာတော့ ဗိုက်ခွဲမွေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအချိန်က ကိုယ်ဝန် ၃၆ ပတ်သားရှိနေပြီး သွေးတိုးဝေဒနာလည်း ခံစားခဲ့ရပါတယ်။ ကလေးဟာ ကိုယ်အလေးချိန် ၅ ပေါင် ၁၁ အောင်စရှိပြီး အထူးကြပ်မတ် စောင့်ကြည့်မှု ခံယူနေရတယ်လို့ သိရပါတယ်။

ဖခင်'ဟူအန်း'

ဒီသတင်း အွန်လိုင်းပေါ်ကနေ ပျံ့နှံ့သွားခဲ့ပြီးနောက် ဒီအသက်အရွယ်မှာ ကလေးမွေးတာနဲ့ ပက်သက်ပြီး ငြင်းခုန်ဆွေးနွေးမှုတွေ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး ကလေးမီးဖွားသူအဖြစ် အသက် ၇၄ နှစ်မှာ ကလေးမွေးတဲ့ အိန္ဒိယအမျိုးသမီးကြီး Erramatti Mangayamma က စံချိန်တင်ထားပါတယ်။


29 Oct 2019     1,378 Views




RELATED

Most Popular of Special or Others

Most Popular of NEWS