BEC-TERO TV

မေဝယ်သာကို စိန်ခေါ်လိုက်ကြတဲ့ တရုတ် ဘီလီယံနာ သူဌေး ဂျက်မား နဲ့ ပက်ကွီအို

04 Nov 2019     1,468 Views


အလီဘာဘာ လုပ်ငန်းရဲ့ပူပေါင်းတည်ထောင်သူ ဂျက်မားဟာ ပြီးခဲ့တဲ့ အပါတ်အတွင်းက ကမ္ဘာ့ကျော် လက်ဝှေ့အကျော်အမော် ဖလွိုက် မေဝယ်သာကို ဗီဒီယိုတစ်ခုကနေ စိန်ခေါ်ခေါ်ခဲ့ပါတယ်။

ဂျက်မားဟာ မကြာသေးမီ လပိုင်းအတွင်း အလီဘာဘာ လုပ်ငန်းစုကြီးမှ အနားယူခဲ့ပါတယ်။  ပရဟိတ ၊ အလှူအတန်း ၊ လူမှုရေး ကိစ္စတွေမှ ပိုပြီး ပါဝင်ပါတ်သတ်နိုင်ဖိုအတွက် အခုလို အနားယူရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ ဖိလစ်ပိုင်းလက်ဝှေ့ကစားသမား ပက်ကွီယိုနဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပြီး လက်ဝှေ့ကျော်ကြီး မေဝယ်သာကို သူတို့နှစ်ယောက်က စိန်ခေါ်ခဲ့ကြပါတယ်။

အောက်တိုဘာလ (၂၇) ရက်နေ့က သူ့ရဲ့ တွစ်တာနဲ့ မေဝယ်သာ ဖေ့စ်ဘုတ်တို့မှာ လက်ဝှေ့လေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်ကိုပါ တင်ခဲ့ပြီး မေဝယ်သာကို စိန်ခေါ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ အသက် (၅၅) နှစ်အရွယ်ရှိ ဂျက်မားဟာ စီးပွားရေးလုပ်ငန်းတွေက အနားယူပြီး ဘဝရဲ့တစ်စိတ်တစ်ပိုင်း အချိန်ကာလတွေမှာ စိန်ခေါ်မှုအသစ်တွေကို ကြိုဆိုနေတာ ဖြစ်ပါတယ်။

အဆိုပါ ဗီဒီယိုမှာတော့ ‘ဖလွိုက် မေဝယ်သာ ၊ စစ်မှန်တဲ့ ထိုးသတ်ပွဲကို လိုချင်ရင် ငါနဲ့လာထိုးပါ။ သရုပ်ပြ ထိုးသတ်တာကို လိုချင်ရင်တော့ ငါသူငယ်ချင်းကြီး ဂျက်မားကို မင်းကို ဂရုစိုက်ပေးပါလိမ့်မယ် ’ လို့ စိန်ခေါ်ခဲ့ပါတယ်။

ပက်ကွီအိုက မေဝယ်သာကို စိန်ခေါ်ခဲ့ပြီးနောက် တရုတ် ဘီလီယံနာ သူဌေး ဂျက်မားက မေဝယ်သာနဲ့ ထိုးသတ်ဖို့ အဆင်သင့်ပါလို့ ပြောခဲ့ပါတယ်။ ဂျက်မားက “ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ အဆင်သင့်ပါပဲ။ ဘယ်အချိန်၊ ဘယ်နေရာ ဖြစ်ဖြစ် ..။  မန်နီ Team ကတော့ အဆင့်သင့်ပါပဲ ”လို့ ပြောခဲ့ပါတယ်။

မေဝယ်သာဟာ လက်ဝှေ့လောကနေ အနားယူသွားခဲ့ပြီ ဖြစ်ပေမဲ့ ပက်ကွီအိုရဲ့ စိန်ခေါ်မှုကို လက်ခံပြီး လက်ဝှေ့လောကကို တစ်ကျော်ပြန်လာမလား စောင့်ကြည့်ရမှာပါ။

 

 


04 Nov 2019     1,468 Views




RELATED

Most Popular of International News

Most Popular of NEWS