BEC-TERO TV

တက္ကစီသမားနဲ့ရန်ဖြစ်ပြီး ကိုယ်လုံးတီးချွတ်ချပြတဲ့ မိန်းကလေး ဖမ်းခံရ(ရုပ်သံ)

04 Nov 2019     1,895 Views


ခရီးသည် အမျိုးမီးတစ်ဦးဟာ တက္ကစီမောင်းသမားနဲ့ စကားများရာမှ လက်ပါခဲ့တာကြောင့် တက္ကစီသမားက လမ်းမပေါ် ထွက်ပြေးရှောင်တိမ်းခဲ့ရာ နောက်ကနေ လိုက်ရိုက်လို့ မရတဲ့အဆုံး လမ်းမအလယ်မှာ ကိုယ်လုံးတီးချွတ်ပြလိုက်ပါတယ်။

ဒီရုပ်သံပျံ့နှံ့ခဲ့ပြီး လူမြင်ကွင်းမှာ ဖော်ချွတ်လုပ်မှုအတွက် အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ဖမ်းဆီးခံခဲ့ရပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီ ၁၁ မိနစ် အချိန်က စင်ကာပူနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရုပ်သံအရ  အနက်ရောင် ကြိုးတစ်လုံး အင်္ကျီနဲ့စကတ်တွဲလျက် ဝတ်ဆင်ထားတဲ့ အမျိုးသမီးဟာ အနီရောင်တီရှပ်ဝတ်ဆင်ထားတဲ့ တက္ကစီသမားဟု ယူဆရသူ ခပ်ဝဝ အမျိုးသားတစ်ယောက်နောက်ကို ပြေးလိုက်နေပါတယ်။ လိုက်လို့မီတော့တဲ့ အဆုံး၊ လမ်းမအလယ်မှာ သူမရဲ့ အဝတ်အစားတွေ ချွတ်ချပြီး အတွင်းခံ ဘောင်းဘီပါ ချွတ်ချခဲ့ပါတယ်။ ထိုအချိန် အနီးနားမှာ ရှိတဲ့ အမျိုးသားတစ်ယောက်က သူမကို အဝတ်အစားတွေ ပြန်ဝတ်ပေးခဲ့တာကို တွေ့ရပါတယ်။

အဆိုပါ ရုပ်သံကို Raod.sg အကောင့်မှ ဆင်ဆာဖြတ်ကာ တင်ထားပါတယ်။ မျက်မြင်သက်သေတစ်ဦးရဲ့ အဆိုအရ အမျိုးသမီးဟာ တက္ကစီကားကို ကန်ကျောက်ခဲ့ပြီး ကားမောင်းသူကိုလည်း လက်နဲ့ လိုက်ရိုက်၊ လိုက်ထိုးတာတွေ လုပ်ခဲ့ပါတယ်၊ တက္ကစီမောင်းသမားကတော့ လုံးဝ လက်တုံ့မပြန်ပဲ ထွက်ပြေးရှောင်တိမ်းနေခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၃၁ နှစ်အရွယ်အမျိုးသမီးကိုတော့ နောက်တစ်နေ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ စင်ကာပူရဲက ရှာဖွေပြီး လူမြင်ကွင်းနေရာမှာ ဖော်ချွတ်လုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့ပြီး အမှုကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။


04 Nov 2019     1,895 Views




RELATED

Most Popular of Special or Others

Most Popular of NEWS