BEC-TERO TV

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကို လူကာ မိုဒရစ်နဲ့ ခိုင်းနှိုင်းခဲ့တဲ့ ဂျေမီ ရပ်နပ်

04 Nov 2019     1,407 Views


ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက် မရှိမဖြစ် ကွင်းလယ်လူအဖြစ် ပါဝင်နေတဲ့ အီတလီသား ဂျော်ဂျင်ဟိုကို ရီးရဲလ်မက်ဒရစ်အသင်းမှ ကွင်းလယ်လူ မိုဒရစ်လိုမျိုး ဖြစ်လာနေပြီလို့ ဂျေမီ ရပ်နပ် က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာမှာ အဝေးကွင်း (၇) ပွဲဆက်ရှုံးပွဲမရှိဘဲ ပရီးမီးယားလိဂ်မှာ (၁၁) ပွဲကစားထားပြီး ရမှတ် (၂၃) ဖြင့် အမှတ်ပေးဇယားအဆင့် (၄) နေရာမှာ အာဆင်နယ်အသင်းကို (၅) မှတ်ဖြတ်ကာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ အပါတ်က ဝက်ဖို့စ် အိမ်ကွင်းမှာ လှပတဲ့ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ပေးခဲ့တဲ့ ဂျော်ဂျင်ဟို ကို ချီးကျူးသွားခဲ့ပြီး မိုဒရစ်နဲ့ နှိုင်းယှဉ်ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

ဂျေမီ ရပ်နပ် က ‘ ဂျော်ဂျင်ဟိုဟာ သူလုပ်နိုင်တာထက်ကို ပိုလုပ်ပြနိုင်နေပါပြီ ။ သူရဲ့ အထင်ကြီးစရာ​ခြေစွမ်းတွေကြောင့် သူ ဒီနေရာမှာ ရပ်တည်နေနိင်နေတာဖြစ်ပါတယ်။ ဘောလုံးကို ဖြတ်ယူတဲ့နေရာမှာလည်း အလွန်တော်ပါတယ်။  ’

‘ဂျော်ဂျင်ဟို ဟာ ဘောလုံးကို ဖြတ်တင်ဘောတွေ မလုပ်နို်ငပါဘူး။ ဂိုးဖန်တီးမှုတွေလည်း မလုပ်နိုင်ပါဘူး။ ဒါတောင်မှာ သူ့အတွက် နေရာတစ်နေရာက ရှိနေပြီးသားပဲလေ..။ သူဟာ ပရီးမီးယားလိဂ်မှာ ရီးရဲလ်က မိုဒရစ်နဲ့ အနည်းငယ်ဆင်ပါတယ်။ ကျွန်တော်တို့အားလုံးထင်တာက သူဟာ ဂိုးတွေလည်း သိပ်မသွင်းနိုင်ဘူး ၊ ဂိုးဖန်တီးမှုလည်း သိပ်မလုပ်နိုင်ဘူး ။ ’

‘ဒါပေမယ့် အထင်ကြီးစရာကောင်းတဲ့ ဖြတ်တင်ဘောတွေက ဒီနှစ်မှာလည်း လုပ်ပြနိုင်တုန်းပဲလေ..။ ’ လိုပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ အဓိကကစားသမား ကန်တီ ဒဏ်ရာပြသာနာကြောင့် အနားယူနေရတာကြောင့် ချဲလ်ဆီးအသင်းကွင်းလယ်ကို ဂျော်ဂျင်ဟို နဲ့ ကိုဗာချစ်တို့က တာဝန်ယူထားပြီး ဖရန့်လမ်းပတ် အထင်ကြီးအောင် အတိုင်အဖောက်ညီညီ စွမ်းဆောင်ပြထားနိုင်တာကို တွေ့ရပါတယ်။


04 Nov 2019     1,407 Views




RELATED

Most Popular of Football

Most Popular of Sport