BEC-TERO TV

နှစ်ပေါင်း ၂၀ ကျော် နာကျင်ခံစားခဲ့ရတဲ့ မင်းသားကြီး “ကီးနူးရိဗ်” ချစ်သူရသွားပြီ

05 Nov 2019     1,475 Views


လက်တလောမှာ ‘John Wick’ ရုပ်ရှင်ဇာတ်ကားတွဲတွေနဲ့ နာမည်တစ်ဖန်ပြန်ရလာတဲ့ မင်းသာကြီး ‘ကီနူးရိဗ်’ က နှစ်ပေါင်း ၂၀ ကျော်အတွင်း သူ့ရဲ့ပထမဦးဆုံး ချစ်သူအသစ်ဆက်ဆက်လေးကို ပွဲထုတ်လာပါတယ်။ လူပျိုဘဝကို အကြာကြီးထိန်းထားနိုင်ခဲ့တဲ့ ‘ကီနူးရိဗ်’ ဒီတစ်ခါ စွံတော့မလားလို့ ပရိသတ်တွေက စိတ်ဝင်စားနေကြပါပြီ။

Gucci က ပြုလုပ်တဲ့ LACMA Art + Film Gala ပွဲရဲ့ ကောဇော်နီပေါ်မှာ ‘ကီနူးရိဗ်’က သူ့ရဲ့ချစ်သူအသစ်နဲ့ စုံတွဲခုတ်လျှောက်လှမ်းလာစဉ် အားလုံး အံ့အားသင့်သွားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ‘ကီနူးရိဗ်း’ ဟာ သူ့ရဲ့ ရုပ်ရှင်သရုပ်ဆောင် သက်တမ်း ၃၅ နှစ်လုံးလုံး ဘယ်အမျိုးသမီးနဲ့မှ ကော်ဇော်နီပေါ်မှာ အခုလိုစုံတွဲလျှောက်လှမ်းလာတာ တစ်ကြိမ်မျှ မရှိခဲ့ဖူးလို့ပါ။

သူ့ရဲ့ချစ်သူ Alexandra Grant အသက် ၄၆ နှစ်ဟာ သူနဲ့စီးပွားဖက်ဖြစ်ပြီး လူသိများတဲ့ စာပေအနုပညာရှင်တစ်ဦးလည်း ဖြစ်တယ်လို့ အင်တာဗျူးတွေအရ သိရပါတယ်။သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် နီးနီးကပ်ကပ်ရှိနေကြပြီး တွဲထားတဲ့ လက်တွေကို လုံးဝမလွှတ်တမ်း ကောဇောနီပေါ်မှာ လျှောက်လှမ်းခဲ့ကြပါတယ်။

Ode To Happiness နဲ့ Shadows စာအုပ်ထုတ်ဝေးရေး လုပ်ငန်းမှာ သူတို့နှစ်ဦး စတင်ဆုံဆည်းခဲ့ကြဟန်တူပါတယ်။ လက်ရှိမှာ X Artists’ Books ဆိုတဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို အတူတူလုပ်ကိုင်နေကြပါတယ်။

‘ကီနူးရိဗ်’ ဟာ ၁၉၉၀ ပြည့်နှစ်များဆီက ရုပ်ရှင်မင်းသမီး Jennifer Syme နဲ့ ချစ်ကြိုက်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက သူတို့နှစ်ယောက် ကိုယ်ဝန်ရခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ မွေးလာတဲ့ မိန်းကလေးက အသေလေးဖြစ်နေပါတယ်။ အဲဒီထက်ပိုပြီး ကြေကွဲစရာကောင်းတာက ၂၀၀၁ ခုနှစ်မှာ Jennifer Syme ယာဉ်မတော်တဆမှုနဲ့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်၊ အဲဒီအချိန်က သူမဟာ အသက် ၂၈ နှစ်သာ ရှိပါသေးတယ်။

အဲဒီနောက်ပိုင်းမှာတော့ ‘ကီနူးရိဗ်’ ဟာ နာကျင်ခံစားရမှုတွေကို ထွေးပွေ့ရင်း နှစ်ပေါင်း ၂၀ ကျော် တစ်ကိုယ်တည်းနေထိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ သိပ္ပံဇာတ်ကားတွဲဖြစ်တဲ့ ‘The Metrix’ ဇာတ်ကားတွေနဲ့ တဟုန်ထိုး နာမည်ကြီးကျော်ကြားခဲ့သလို ‘Speed’ ‘The Little Buddha’ ဇာတ်ကားတွေဟာ ပရိသတ်မေ့မရတဲ့ ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။ လက်တလောမှာတော့ ‘John Wick’ ဇာတ်ကားတွဲတွေနဲ့ တစ်ဖန်ပြန်လည် နာမည်ရလာတဲ့ မင်းသားကြီးဖြစ်ပါတယ်။

 


05 Nov 2019     1,475 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS