BEC-TERO TV

အသက် ၃၀ ကျော်တဲ့ထိ အပျိုကြီးဖြစ်နေလို့ သံတုတ်နဲ့ အရိုက်ခံရ

05 Nov 2019     1,718 Views


အိမ်ထောင်ဖက်မရှာပဲ အပျိုကြီးလုပ်နေတဲ့သမီးဖြစ်သူကို သံတုတ်ဖြင့် အညိုမည်းစွဲအောင် ရိုက်နှက်ခဲ့မှုကြောင့် မိခင်ဖြစ်သူ အမျိုးသမီးကြီး ဖမ်းဆီခံထားရသည်။

တရုတ်သတင်းစာ South China Morning Post သတင်းအရ တရုတ်နိုင်ငံအရှေ့ပိုင်းမှ ‘ဝမ်’ ဆိုသည့် အမျိုးသမီးကြီးက သမီးဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသမီးအား သွေးထွက်သံယိုနဲ့ ဒဏ်ရာများရသည်ထိ အကြိမ်ကြိမ် ရိုက်နှက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အမျိုးသမီးကြီးဟာ သမီးဖြစ်သူ ခုချိန်ထိ အိမ်ထောင်မပြုသေးတဲ့အပေါ် ဒေါသထွက်နေသလို ယခင်အလုပ်ကနေ ရတဲ့လစာကလည်း နည်းတာကြောင့် သမီးကို ပြစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ လက်ရှိမှာ အလုပ်က ထွက်ထားပြီး မိခင်ရဲ့ စားသောက်ဆိုင်မှာ ဝင်ကူနေပါတယ်။ ရဲမှတ်တမ်းအရ ယခင်တုန်းကလည်း မကြာခဏဆိုသလို မိခင်ရဲ့ရိုက်နှက်မှုကြောင့် ဒဏ်ရာတွေ ရခဲ့ဖူးပြီး ရဲစခန်းက အမျိုးသမီးကြီးကို သတိပေးစာထုတ်ရတဲ့ထိ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

ရဲတွေရောက်လာချိန်မှာ ရိုက်ခံထားရတဲ့ သမီးဟာ သူမရဲ့ လက်မောင်း၊ တင်ပါး နဲ့ ခြေထောက်တို့မှာ အညိုမည်းဒဏ်ရာတွေ တွေ့ရသလို သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလည်း တွေ့ရပါတယ်။ ရဲတွေက ‘ဝမ်’ ကို ရဲစခန်းလိုက်ခဲ့ဖို့ ပြောပေမယ့် “ငါ့သမီး ငါရိုက်တာ ဘာဖြစ်လဲ၊ တခြားလူကို သွားရိုက်တာမှ မဟုတ်တာ” လို့ ပြောဆိုပြီး ငြင်းဆန်နေတဲ့ အတွက် ရဲတွေက ခက်ခက်ခဲခဲဖမ်းဆီးခဲ့ရပါတယ်။

ရဲစခန်းမှာ သမီးဖြစ်သူက တရုတ်ယွမ်ငွေ ၈၀,၀၀၀ လျှော်ကြေးပေးရင် အမှုကို ရုတ်သိမ်းပေးမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဒီစကားလည်း ကြားရော မိခင်ဖြစ်သူ မူးမေ့လဲကျမလိုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပေးမယ်လို့ ဆွေမျိုးတွေရှေ့မှာ ကတိပြုတာကြောင့် အာမခံနဲ့ ပြန်လွတ်ခဲ့ပါတယ်။

ဒီပြဿနာရဲ့အစက သမီးဖြစ်သူက သူမကို အိမ်သန့်ရှင်းရေး မလုပ်ဘူးလားလို့ ပြောတာကို ဒေါသဖြစ်ပြီး “နောက်တစ်ခါ ငါ့ကို ဒါမျိုးပြောရင် ညည်းပါးကွဲပြီမှတ်” လို့ ပြောခဲ့ရာမှ သားအမိတွေ စကားများခဲ့ပြီးနောက် ‘ဝမ်’ က အနီးနားမှာရှိတဲ့ သံတုတ်နဲ့ လိုက်ရိုက်ခဲ့တာဖြစ်ပါတယ်။

 


05 Nov 2019     1,718 Views




RELATED

Most Popular of Special or Others

Most Popular of NEWS