BEC-TERO TV

တရုတ်အသင်းကို ရှုံးနိမ့်ခဲ့ရသော်လည်း ကစားပုံကကောင်းခဲ့ဟု ဦးစိုးမြတ်မင်း ပြောကြား

07 Nov 2019     1,359 Views


မနေ့က အာရှယူ-၁၉ ချန်ပီယံရှစ်ခြေစစ်ပွဲ ပွဲစဉ်များ စတင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာယူ-၁၉ ဘောလုံးအသင်းဟာ တရုတ်ယူ-၁၉ ဘောလုံးအသင်းကို ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ​ကစားပုံကောင်းမွန်ခဲ့ပြီး နောက်ခံလူအမှားများကြောင့် ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

မြန်မာယူ-၁၉ နည်းပြချုပ် ဦးစိုးမြတ်မင်းက မြန်မာအသင်းဟာ အစပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် လက်ကျန်ပွဲစဉ်တွေကို အကောင်ဆုံးပြင်ဆင် ယှဉ်ပြိုင်သွားမယ်လို့ဆိုပါတယ်။

ပွဲအပြီးတွင် နည်းပြချုပ် ဦးစိုးမြတ်မင်းက “ဒီနေ့ ကစားသွားတဲ့ အသင်းခြေစွမ်းကို ကျေနပ်အားရမှုရှိပါတယ်။ တရုတ်အသင်းကို အပြန်အလှန် ကစာနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းမှုကြောင့် အခုလို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ရရှိတဲ့ အခွင့်အရေးတွေကိုသာ အသုံးချနိုင်ခဲ့ရင် ပွဲအဖြေဟာ ပြောင်းလဲသွားနိုင်ပါတယ်။ ရှေ့ပွဲက အားနည်းချက်ကို အကောင်းဆုံးပြင်ဆင်ပြီး နောက်ပွဲတွေမှာ ရလဒ်ကောင်းထွက်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်” ပြောကြားခဲ့ပါတယ်။


မြန်မာယူ-၁၉ ဘောလုံးအသင်းဟာ အုပ်စုပွဲဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၈ရက်နေ့ ညနေ ၆ နာရီတွင် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပါတယ်။


07 Nov 2019     1,359 Views




RELATED

Most Popular of Football

Most Popular of Sport