BEC-TERO TV

Rock Week မှာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ခဲ့တဲ့ အက်စတာဒေါ့ချင်းသ်ဆုံ

08 Nov 2019     1,636 Views


Myanmar Idol Season 4 ရဲ့ rock week (To 10) ဆန်ခါတင်စာရင်းဝင် (၁၀) ဦးတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုကြီးကို Channel 9 မီဒီယာကနေ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုနဲ့အတူ ပရိတ်သတ် ကြည့်ရှုခံစားနားဆင်ခဲ့ကြပြီးပါပြီ။ Top 10 list ထဲကို ဝင်သွားတဲ့ ပြိုင်ပွဲတွေဖြစ်ကြတဲ့ တန်ခွန်ကျော်၊ နေလင်းကျော်၊ Benjamin Sum ၊ အက်စတာ ဒေါ့ချင်းသ်ဆုံ၊ ယောကီး၊ မူးလာ၊ ထက်အဉ္ဇလီ၊ နှင်းအိအိဝင်း၊ နော်စေးစေးထူး နဲ့ အေးမြဖြူတို့ဟာ တစ်ဦးတစ်ယောက်ချင်းစီ မတူညီတဲ့ Rock အမူအရာ ဟန်ပန်တွေနဲ့ အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲဝင်တွေထဲက Vote no- 77708 နဲ့အတူ ပါဝင်ယှဉ်ပြိုင်နေတဲ့ ချင်းမလေး အက်စတာဒေါ့သ်ချင်းဆုံဟာ ဆိုရင် 1st round မှာကတည်းက ဒိုင်လူကြီးတွေ ကြိုက်နှစ်သက်တာကို ခံခဲ့ရပြီး ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။ အက်စတာဟာ ဒီ round (rock week) မှာ ကော်နီရဲ့ ‘ရင်ကို ဖွင့်လိုက်စမ်း’ သီချင်းကို တကယ့် ရော့ခ်ကာကြီးတစ်ယောက်လို ပိုင်ပိုင်နိုင်နိုင် ဖျော်ဖြေတင်ဆက်သွားနိုင်ခဲ့ပါတယ်။

အက်စတာရဲ့ ဖျော်ဖြေသီဆိုသွားမှုကို ဒိုင်လူကြီးထဲက အနုပညာလောကမှာ ဝါအရင့်ဆုံးလို့ပြောလို့ရမယ့် ဦးအောင်ကိုလတ် (ဦးလတ်) က “beat တိုင်းမှာ စကားလုံးတိုင်းကို လုံးဝ ရော့ခ် ပီပီသသနဲ့ ၁၀၀ ရာခိုင်နှုန်း ဆိုနိုင်တယ်” ဆိုပြီး နှစ်သက် သဘောကျတဲ့ မှတ်ချက်မျိုးပေးလာပါတယ်။

အက်စတာရဲ့ အသံဟာပင်ကိုယ်ချိုမြပြီး ငြိမ်တဲ့အသံဘက် သွားတာကြောင့် ရော့ခ်သီချင်းအပြင်းစားတွေနဲ့ လိုက်မှာ မဟုတ်ဘူးလို့ ထင်မှတ်ခဲ့ပေမယ့် တကယ့်ရော့ခ်ကာကြီးလို သီဆိုသွားနိုင်ခဲ့တဲ့အတွက် ဒိုင်လူကြီးတွေထဲ တစ်ယောက်အပါအဝင် ဖြစ်တဲ့ မမော် (မတင်ဇာမော်) က “သမီး အသံကို ဖွင့်ဆိုသွားတာ ကိုယ့်ဘာသာစကား မဟုတ်ပေမယ့် ပြတ်ပြတ်သားသား ပီပီပြင်ပြင်ဆိုသွားတာ ပရိတ်သတ်မျှော်လင့်တောင့်တနေတဲ့ နားအရသာကို သမီးကပေးနိုင်တယ် သမီးရေ well done ပါ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

ဖြူဖြူကတော့ အက်စတာ့ကို အများကြီး yes ပါတဲ့။ “မင်းလေး ဖွင့်ပြောစမ်း ဆိုတဲ့အတိုင်း ညီမလေးက သီချင်းကိုဖွင့်ဆိုသွားတာ အရမ်းမိုက်တယ် ဒီလိုမျိုးလေး ကြည့်နေမိတယ်” ဆိုပြီး ငေးကြည့်နေရတဲ့ ပုံစံမျိုးလေး လုပ်ပြကာ စနောက်ခဲ့ပါတယ်။

အက်စတာဟာ ချင်းတောင်တန်းတွေကနေ မိဘ၊ ဆွေမျိုးတွေမပါဘဲ မောင်လေးလက်ကို ကိုင်ဆွဲပြီး Myanmar Idol ပြိုင်ပွဲကြီးကို သတ္တိရှိရှိ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးပဲဖြစ်ပါတယ်။ အခု အက်စတာ Top 10 list ထဲကို ဝင်ရောက်သွားနိုင်တဲ့အခါ အက်စတာရဲ့ တောင်ပေါ်က ဆွေမျိုး၊ မိဘ ၊မောင်နှမတွေက သိုက်သိုက်ဝန်းဝန်း အက်စတာ့ကို လာရောက်အားပေးခဲ့ကြပါတယ်။ တောင်တန်းတွေကနေ ရန်ကုန်မြို့ကြီးထိရောက်အောင်လာခဲ့ပြီး ခက်ခက်ခဲခဲ လာရောက် ယှဉ်ပြိုင်ခဲ့တဲ့ အက်စတာ၊ အရည်အချင်းရှိတဲ့ အက်စတာ voting တွေ အများကြီးရပြီး Top 2 ထိ တက်လှမ်းနိုင်ပါစေလို့ ပိုပိုလေး မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

 

Ref: channel 9

(ပိုပိုလေး)

 

 


08 Nov 2019     1,636 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS