BEC-TERO TV

ပြိုင်ပွဲဝင်နေတယ်လို့မထင်ရအောင် Rock Week ညမှာ အပီဖြိုသွားခဲ့တဲ့ Naw Say Say Htoo

08 Nov 2019     1,460 Views


ပရိသတ်စိတ်ဝင်စားမှုအများနဲ့ အအောင်မြင်ဆုံးသီချင်းဆိုပြိုင်ပွဲကြီးဖြစ်တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကတော့ နှစ်စဉ်နှစ်တိုင်း အကောင်းဆုံးသောပြိုင်ပွဲဝင်တွေကိုရွေးထုတ်ပြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တာ ယခုဆိုရင် ၄ နှစ်မြောက် Season 4 ကိုရောက်ရှိလာပါပြီ။ ဒီနှစ်မှာလည်း ဇကာတင်ရွေးချယ်ခဲ့တဲ့ Top Finalist ပြိုင်ပွဲဝင် ၁၁ တစ်ဦးလုံးက အရည်အချင်းရှိတဲ့ ကိုယ်ရည်ကိုယ်သွေးပြည့်၀တဲ့ ပြိုင်ပွဲဝင်တွေမို့ စောင့်မျှော်ကြည့်ရှုနေကြတဲ့ ပရိသတ်တွေအတွက်လည်း အားရကျေနပ်မှုအရှိဆုံး နှစ်တစ်နှစ်ဆိုလဲ မမှားပါဘူး။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးရဲ့ Live performance ညကို ကျင်းပခဲ့တာ Second week ဒုတိယအပတ်ကိုရောက်ရှိလာပါပြီ။ ပထမအပတ်မှာတော့ ပြိုင်ပွဲဝင်ခြူးစစ်ဟန်က မြန်မာအိုင်ဒေါကနေ ပထမဆုံးနှုတ်ဆက်ထွက်ခွာခဲ့ရပြီး ကျန်ရှိတဲ့ ပြိုင်ပွဲဝင် (၁၀) ဦးကတော့ မနေ့ညကကျင်းပခဲ့တဲ့ Rock week ညမှာ ကိုယ်ပိုင်ဟန် ပင်ကိုအရည်အချင်းတွေနဲ့ တစ်ယောက်တစ်မျိုးစီ မတူညီတဲ့ရသကိုပေးပြီး အကျိတ်အနယ်သီဆိုယှဉ်ပြိုင်သွားခဲ့ကြပါတယ်။ ဒိုင်တွေနဲ့ ပရိသတ်တွေအားလုံးလဲ တစ်ယောက်ချင်းစီတိုင်းရဲ့သီဆိုယှဉ်ပြိုင်မှုကို အားရကျေနပ်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

ထိုထဲကမှ မြစ်ကြီးနားသူလေး နော်စေးစေးထူးကတော့ Rocker အဆိုတော်မကြီး သျှီရဲ့ ‘ဆူးလေး’ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။ ပင်ကိုအသံပါရမီအားနဲ့ပြည့်စုံတဲ့ နော်စေးစေးထူးကတော့ ဒီတစ်ပတ်မှာသီချင်းရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့လဲ ဆိုနိုင်ပါတယ်။

အမြင့်စားသံစဉ်တွေကြားမှာ သူမရဲ့အသံနဲ့တစ်ထပ်တည်းကျအောင် အားမာန်အပြည့် Performance ကောင်းကောင်းနဲ့ စီးမျောသီဆိုယှဉ်ပြိုင်ခဲ့ပုံက ပြိုင်ပွဲဝင်နေတယ်လို့တောင်မထင်ရပဲ Rock အဆိုတော်တစ်ယောက်က လာရောက်ဖျော်ဖြေတင်ဆက်နေသည့်အလား ထင်မှတ်ခဲ့ရပါတယ်။

Rocker အဆိုတော်မကြီး သျှီပေါက်စလို့တောင် ထင်ရအောင် ကောင်းမွန်ခဲ့တဲ့ Rock week ညက နော်စေးစေးထူးရဲ့ သီဆိုယှဉ်ပြိုင်မှုကို ပြန်လည်ခံစားကြည့်လိုက်ကြပါဦးနော်…

 

(ပိုပိုလေး)


08 Nov 2019     1,460 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment