BEC-TERO TV

ပရိသတ်တွေ ထင်မှတ်မထားတဲ့သူ Myanmar Idol က ထွက်ရမယ့် အခြေအနေရှိနေ

08 Nov 2019     1,350 Views


Myanmar Idol ခရီးစဉ်တစ်လျှောက်လုံးမှာ Season 4 က ပွဲအကြပ်ဆုံးလို့ ပြောရလောက်အောင် ပြိုင်ပွဲဝင်တွေရဲ့ အရည်အသွေးက ပရော်ဖက်ရှင်နယ် ဆန်လွန်းနေကြတဲ့အတွက် အရမ်း ကြည့်ကောင်းတဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခု ဖြစ်နေပါတယ်။

လက်ရှိ Top 10 ပြိုင်ပွဲဝင်တွေထဲမှာ မိန်းကလေး (၅)ယောက်၊ ယောက်ျားလေး (၅)ယောက်ရှိနေတာမို့ တစ်ဘက်စီမှာ WINNER ဖြစ်ဖို့ အခွင့်အရေးက ၅၀/၅၀ စီရှိနေကြပါတယ်။ ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းဟာ ပျှမ်းမျှအားဖြင့် ထောက်ပြစရာမရှိလောက်အောင် တော်နေကြတဲ့အတွက် WINNER ဖြစ်လာမယ့် တစ်ဦးက ကျန်ပြိုင်ပွဲဝင်တွေကို ပွတ်ကာသီကာလေးနဲ့ပဲ အနိုင်ရသွားဖို့ ရှိနေပါတယ်။

မိန်းကလေးပြိုင်ပွဲဝင်တွေထဲမှာ အဆိုပညာပိုင်နိုင်ပြီး Audition အဆင့်ထဲက အခုချိန်ထိ မယိမ်းမယိုင် ချီတက်လာနေတဲ့သူ (၂) ယောက်ရှိနေပါတယ်။ သူတို့နှစ်ယောက်စလုံး တစ်ဆင့်ထက် တစ်ဆင့် အသံပါဝါ၊ ဆိုပုံဆိုပေါက်တွေက ပို၍ပို၍ ကောင်းလာနေပါတယ်။

သူတို့ နှစ်ဦးထဲက တစ်ယောက်က ထစ်ကနဲရှိ မျက်ရည်လွယ်ပြီး အားငယ်တတ်တဲ့ စိတ်ရှိတာက ပြိုင်ပွဲမှာ အားနည်းချက်တစ်ခုလို ဖြစ်သွားမှာ စိုးရိမ်စရာကောင်းတာကလွဲပြီး ဘာမှပြောစရာမရှိပါဘူး။  

ယောက်ျားလေးပြိုင်ပွဲဝင်တွေထဲမှာတော့ ပြစ်ချက်လေးတွေက တစ်ယောက်မှာ အနည်းဆုံး တစ်ချက်စီလောက် ရှိနေတာကို တွေ့ရပါတယ်။ မနေ့ညက သီဆိုမှုမှာ ‘ယောကီး’ အနေနဲ့ သီဆိုချင်လွန်းအားကြီးတဲ့ စိတ်တစ်ခုနဲ့ သီချင်းရွေးချယ်ခဲ့တဲ့အတွက် သီချင်းအပေါ်မှာ အုပ်စီးပြီး ရဲရဲတင်တင်း မသီဆိုနိုင်တာတွေခဲ့ရပါတယ်။ အမြင့်သံတွေကို ရောက်အောင် ဆိုနိုင်တဲ့ အားသာချက်ကို ကွက်တိဖြစ်အောင် အသုံးချသင့်ပါတယ်။

‘နေလင်းကျော်’ ကတော့ ပင်ကိုယ်သံက ချိုပြီးအေးတဲ့အတွက် နောက်ထပ်အဆင့်တွေမှာ ယှဉ်ပြိုင်ရမယ့် သီချင်းတွေနဲ့လိုက်ဖက်အောင် ပိုပြီးကြိုးစားယူရမယ့် အခြေအနေရှိပါတယ်။

‘တန်ခွန်ကျော်’ ရဲ့ မနေ့ညက သီဆိုမှုမှာ ချွဲကပ်သလို အသံကြောင်ထွက်သွားတာကို ကြားခဲ့ရပါတယ်။ သီချင်းတွေလေ့ကျင့်ရင်း အသံတွေနာနေပုံရတဲ့ ‘တန်ခွန်ကျော်’ သီချင်းတစ်ပုဒ်လုံးကို အားစိုက်ပြီး သီဆိုနေရတာလည်း မြင်ခဲ့ရပါတယ်။ နောက်ထပ် အဆင့်တွေမှာတော့ ပါဖောင့်မန့်စ် အတွက် အတော်ကြီး ကြိုးစားရုန်းကန်ရဦးမယ့် ပြိုင်ပွဲဝင်အဖြစ် မြင်မိပါတယ်။

‘မူးလာ’ ရဲ့ အရင်တစ်ပတ်သီဆိုမှုကို သိပ်အားမရခဲ့ပေမယ့် အခုတစ်ပတ်မှာတော့ သီဆိုမှုအပိုင်း၊ ပါဖောင့်မန့်စ်အပိုင်း ဘာတစ်ခုမှ ပြောစရာမရှိလောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ ဒီလို အနေအထားကို ပြိုင်ပွဲခရီးစဉ် တစ်လျှောက်လုံး ‘မူးလာ’ အနေနဲ့ ထိန်းသိမ်းထားဖို့ လိုပါလိမ့်မယ်။

မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ ဆုတောင်းနဲ့ ပြည့်တယ်လို့ မတင်ဇာမော် မှတ်ချက်ပေးခဲ့တဲ့ ‘ဘန်ဂျမင်ဆမ်’ ကတော့ ဒိုင်တွေအားလုံးနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့သူဖြစ်ပါတယ်။ ကိုယ်တိုင်က သီချင်းကို ပါးပါးနပ်နပ်နဲ့ ကျွမ်းကျင်စွာ သီဆိုတတ်ပါလျှက်နဲ့ ပညာခန်းတွေ ပစ်ထည့်ပြီး ဆိုတတ်သူမို့ Vocal coach ဖြစ်တဲ့ မထရေစီ က စိတ်ပူတယ်လို့ မှတ်ချက်ပေးထားသူပါ။ သီးချင်းကို ခံစားသက်ဝင်ပြီး သီဆိုမှု အားပြင်းလွန်းလို့ မဖြူဖြူကျော်သိန်း ကလည်း အရင်တစ်ပတ်မှာ သတိပေးထားခဲ့ပါသေးတယ်။ ချင်းတိုင်းရင်းစားဖြစ်လို့ တိုင်းရင်းသားအသံ ဝဲနေတာမှန်ပေမယ့် သီချင်းစာသားတွေကို လေးလေးကြီးနဲ့ ထူထူပြစ်ပြစ်ကြီးဖြစ်အောင် အသံမှာ ဟန်ကောမာန်ပါ ထည့်ဆိုတတ်တဲ့ အကျင့်ကတော့ ‘ဘန်ဂျမင်’ ရဲ့ အားနည်းချက် တစ်ခုဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

ဒီနေ့ည Result Show မှာလည်း တစ်ယောက်ကတော့ မလွဲမသွေအိမ်ပြန်ရမှာဖြစ်ပါတယ်ပါ။ ဒါပေမယ့် ‘ဘန်ဂျမင်ဆမ်’ ၊ ‘အက်စ်သာ’ ၊ ‘နော်စေးစေးထူး’ နဲ့ ‘မူးလာ’ တို့ကတော့ ဒီနေ့ညအလှည့်ကျလာမှာ မဟုတ်သေးပါဘူး။

ပြီးခဲ့တဲ့ တစ်ပတ်က မိန်းကလေးပြိုင်ပွဲဝင် (ခြူးစစ်ဟန်) ထွက်ခဲ့ရပြီး ဒီနေ့ညမှာလည်း မိန်းကလေးပြိုင်ပွဲဝင်တွေထဲကပဲ ထပ်ဖြစ်လာဦးမလားဆိုတာ ပရိသတ်တွေကြားမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ အလားတူစွာပဲ ယောက်ျားလေး ပြိုင်ပွဲဝင်တွေထဲကလည်း ဘယ်သူမဆို တစ်ယောက်တော့ ထွက်သွားနိုင်ချေ ရှိနေပါတယ်။


08 Nov 2019     1,350 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS