BEC-TERO TV

ဘီယာသောက်ရင်း သေဆုံးခဲ့ရမှုအတွက် အတူသောက်ခဲ့သူ ၉ ဦး ဖမ်းဆီးခံရ

11 Nov 2019     1,632 Views


လူငယ်တွေ အပေါင်းအသင်းတွေနဲ့စုပြီး အတူတူဘီယာ တစ်ဝိုင်းထဲ သောက်ကြစားကြတော့မယ်ဆိုရင် သတိထားဖို့လိုအပ်ပါတယ်။ အသက် ၂၀ အရွယ် ကျောင်းသားတစ်ဦးဟာ သူငယ်ချင်းတွေနဲ့အတူတူ ဘီယာသောက်ရင်း သေဆုံးခဲ့ပါတယ်။ အဲဒီအတွက် သူ့ရဲ့သူငယ်ချင်း ၉ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

သရုပ်ဖော်ပုံမျှသာ

သေဆုံးသွားတဲ့ လူငယ်ဟာ ဂျပန်နိုင်ငံ အိုဆာကာရှိ ကင်ဒိုင်းတက္ကသိုလ်က ကျောင်းသားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက တင်းနစ်ကလပ်အသင်းက သူငယ်ချင်း ၁၂ ယောက်နဲ့အတူ အပြင်ထွက်ပြီး သောက်စားခဲ့ပါတယ်။ အစပိုင်းမှာတော့ သူက ဘီယာနဲ့ ဝီစကီကို တစ်လှည့်စီသောက်ရင်း အဆင်ပြေနေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ယီယာခွက်ထဲကို ဗော့တကာအရက် ၂၀ ပက်လောက် လောင်းထည့်ပြီး သောက်လိုက်ရာ ချက်ခြင်း ပုံရက်သားလဲကျသွားခဲ့ပါတယ်။ သူငယ်ချင်းတွေကတော့ ရိုးရိုးတန်းတန်း အရက်မူးတယ်လို့ပဲ ထင်ထားခဲ့ကြပြီး ဘာမှ မကူညီခဲ့ဖူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သရုပ်ဖော်ပုံမျှသာ

ကံမကောင်းစွာနဲ့ပဲ နောက်တနေ့မှာ အရက်အလွန်အကျွံသောက်သုံးခဲ့မှုကြောင့် ကျောင်းသားဟာ သေဆုံးသွားခဲ့ပါတယ်။ သူနဲ့အတူတူ အရက်သောက်ခဲ့ကြတဲ့ အပေါင်းအသင်း ၉ ဦးကို ဂရုစိုက်ရန် တာဝန်ပျက်ကွက်ခဲ့မှုနဲ့ ပြစ်တင်စွပ်စွဲခံခဲ့ရပါတယ်။

တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့မှာတော့ မူးမေ့ပြီး သတိလစ်လဲကျသွားတဲ့ သူငယ်ချင်းအတွက် အရေးပေါ်ဆေးရုံကား မခေါ်ပေးခဲကြောင်း ထင်ရှားခဲ့ပါတယ်။

စွပ်စွဲခံထားရသူတွေဘက်ကတော့ သူတို့သူငယ်ချင်း မူးပြီး အိပ်ပျော်သွားတယ်လို့ ထင်ခဲ့ပြီး အခုလိုမျိုး အသက်အန္တရာယ်ရှိလိမ့်မယ်လို့ မထင်ခဲ့တာကြောင့် အရေးပေါ်ကားမခေါ်ခဲ့ခြင်းဖြစ်ကြောင်း ခုခံပြောဆိုခဲ့ပါတယ်။ ဒီလူငယ်တွေကို အပြစ်ပေးခဲ့မယ်ဆိုရင်တော့ လူငယ်တွေအတွကတော့ အဟန့်အတားတစ်ခု ဖြစ်စေမှာဖြစ်ပြီး အရက်ကို အလွန်အကျွံသောက်မသောက်သုံးဖြစ်အောင် သတိထားကြမှာ ဖြစ်တယ်လို့ ဂျပန်မီဒီယာတွေကရေးသားကြပါတယ်။

အွန်လိုင်းသုံးသူတွေကြားမှာတော့ ငြင်းခုန်မှုတွေရှိနေပြီး အချို့ကဆိုလျှင် အရက်သေက်တဲ့အခါ ကိုယ့်ရေချိန် ကိုယ်သိဖို့ လိုတယ်လို့ ပြောဆိုနေကြပါတယ်။


11 Nov 2019     1,632 Views




RELATED

Most Popular of Special or Others

Most Popular of NEWS