BEC-TERO TV

အွန်လိုင်းရှော့ပင်းကို စွဲလမ်းတဲ့ ဇနီးကြောင့် ခင်ပွန်းဖြစ်သူ အဆုံးစီရင်

13 Nov 2019     1,334 Views


အွန်လိုင်းပေါ်ကနေ စျေးဝယ်တဲ့ အွန်လိုင်းရှော့ပင်းဟာ တစ်ခါစ နှစ်ခါစ လုပ်မိတာနဲ့ ဆေးလိပ် အရက်စွဲသလို စွဲလမ်းသွားတတ်ပါတယ်။ တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူရဲ့ အွန်လိုင်းရှော့ပင်း စွဲလမ်းမှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံး ၃၃ ထပ်တိုက်ခေါင်းမိုးပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ဇနီးရဲ့ အွန်လိုင်းရှော့ပင်းဒဏ်က ဘယ်ခင်ပွန်းမှ သည်းခံနိုင်လိမ့်မယ် မထင်ပါဘူး တစ်ရက်ထဲမှာပဲ တရုန်ယွမ် ၃ သိန်း (မြန်မာငွေ သိန်း ၆၅၀ နီးပါး)ဖိုး ဝယ်ယူခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အွန်လိုင်း ရှော့ပင်းဆိုင်ကြီးတွေက နှစ်စဉ် နိုဝင်ဘာလ ၁၁ ရက်နေ့ တစ်ရက်ထဲမှာ အကြီးအကျယ် လျှော့စျေးတွေနဲ့ ချရောင်းတဲ့အတွက် ပစ္စည်းတွေအားလုံးက တန်လွန်းလို့ လက်မလွှတ်နိုင်အောင် ဖြစ်ရပါတယ်။

စီချွမ်းပြည်နယ် လုကျိုးမြို့က အသက် ၂၉ နှစ်အရွယ် ‘ဝမ်း’ ဟူသော အမျိုးသားဟာ ဇနီးသည် ‘ကျန်း’ (၂၉ နှစ်)ရဲ့ ငွေကြေးသုံးစွဲမှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံး စိတ်ဓါတ်တွေ အကြီးအကျယ်ကျကာ ၃၃ ထပ်တိုက်ခန်း ခေါင်မိုးပေါ်မှ ခုန်ချသတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ ရဲတွေဟာ သတင်းအရ နေရာကို ရောက်သွားခဲ့ပြီး ‘ဝမ်’ ကို နာရီဝက်ခန့် အမျိုးမျိုး ဖြောင်းဖျ နားချပြီးမှ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

‘ဝမ်’ ရဲ့ ပြောဆိုမှုအရ သူ့ရဲ့ဇနီးသည်ဟာ ဒီတစ်ကြိမ်တင်မကပဲ ယခင်ကလေးမမွေးမီတုန်းကလည်း တရုတ်ဝမ် ၂ သိန်းဖိုး အွန်လိုင်းကနေ ပစ္စည်းတွေ ဝယ်ယူခဲ့ကြောင်း၊ သူရဲ့ ဝင်ငွဟာ တစ်လမှာ ဝမ်ငွေ ထောင်ဂဏန်းသာရတာမို့ ဒီအကြွေးတွေကို မနည်းရုန်းကန်ကာ ဆပ်ခဲ့ရကြောင်း၊ ဇနီးဖြစ်သူက နောက်ထပ် အွန်လိုင်းရှော့ပင်း မလုပ်တော့ပါဘူးလို့ ကတိပေးခဲ့ကြောင်း၊ သူမဟာ ယခင်က အိမ်ခြံမြေကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ပြီး ကလေးမွေးပြီးနောက်မှာ ကလေးကို ပြုစုဖို့ အလုပ်ထွက်ခဲ့ကြောင်း၊ ဒါပေမယ့် အခုတော့ သူမရဲ့ ကတိကိုဖျက်ပြီး အွန်လိုင်းမှာ စျေးဝယ်တာတွေ ပြန်လုပ်နေတဲ့အတွက် စိတ်ပျက်ပြီး သေကြောင်းကြံစဉ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ရဲတွေက ‘ဝမ်’ ကို အိမ်ပြန်ပို့ပေးခဲ့ပြီး ဇနီးဖြစ်တဲ့ ‘ကျန်း’ ကလည်း နောက်ထပ် အွန်လိုင်းမှာ စျေးဝယ်တာတွေ မလုပ်တော့ပါဘူးလို့ ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုလက်ရှိ ဝယ်ထားတဲ့ အကြွေးတွေကိုတော့ ‘ဝမ်’ အနေနဲ့ မနည်းရုန်းကန်ကာ အကြွေးဆပ်ရဦးမှာဖြစ်ပါတယ်။


13 Nov 2019     1,334 Views




RELATED

Most Popular of Special or Others

Most Popular of NEWS