BEC-TERO TV

အမျိုးသမီးများဟာ အမျိုးသားများထက် ကားမောင်းပိုတော်ကြောင်း တရားဝင်ထုတ်ပြန်

13 Nov 2019     1,934 Views


ဟာ..ဒီမိန်းမ ကားကိုဘယ်လိုမောင်းနေတာလဲမသိဘူး

ကြောက်တတ်ရင် လမ်းပေါ်တက်မလာနဲ့ဟေ့ မနေ့တစ်နေ့ကမှ လိုင်စင်ရပြီး ကိုးလို့ကန့်လန့်လာလုပ်နေတယ်

ထွက်မှာဖြင့်ထွက်လေကွာ.. ​ေ-ာက်ကောင်မတွေ ကာမောင်းရင် ဒီလိုချည်းပဲ” စတာတွေကတော့

အမျိုးသမီးတစ်ယောက် ကားမောင်းသွားတာကို မြင်တဲ့အခါ အမျိုးသားယာဉ်မောင်း အများစု နှိမ့်ချစိတ်နဲ့ ပြောဆိုပြုမူလေ့ရှိကြတာတွေထဲက အချို့သောစကားတွေဖြစ်ပါတယ်။

ဒါပေမယ့် စနစ်တကျသုတေသနပြု လေ့လာမှုတွေ လုပ်ပြီးတဲ့အခါမှာတော့ မော်တော်ယာဉ်မောင်းနှင်တဲ့ နေရာမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုတော်တာကို လက်တွေ့ကျကျသိလိုက်ရပါတယ်။ UK မှာရှိတဲ့ အာမခံကုမ္ပဏီက မော်တော်ယာဉ်မောင်းနှင်မှုနဲ့ ပက်သက်ပြီး စစ်တမ်းတစ်ခု တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

Confused.com က ထုတ်ပြန်ထားတဲ့ စစ်တမ်းမှာတော့ အမျိုးသမီးတွေဟာ ယာဉ်မောင်းလိုင်းစင်ရဖို့အတွက် စာမေးပွဲဖြေဆိုမှုတွေမှာ အမျိုးသားတွေလောက် အောင်ချက်မကောင်းတာ မှန်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကားလိုင်စင်ရသွားပြီး လမ်းမတွေပေါ်မှာ မောင်းနှင်ကြတဲ့ အခါမှာတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုတော်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးယာဉ်မောင်းတွေဟာ မကျွမ်းကျင်တဲ့အတွက် ယာဉ်တိုက်မှုတွေ ဖြစ်ရတယ်ဆိုတဲ့ အစွဲအလမ်းနဲ့ သတင်းတွေဟာ အမှားတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် စစ်တမ်းတွေအရ အင်္ဂလန်နဲ့ ဝေလပြည်နယ်တွေမှာ လူပေါင်း ၅၃၉,၀၀၀ လောက် မော်တော်ယာဉ်အမှုအခင်းတွေဖြစ်ခဲ့ပြီး အဲဒီအထဲမှာ ဥပဒေချိုးဖောက်သူ အများစုဟာ အမျိုးသားများဖြစ်ပါတယ်။ အမျိုးသမီးတွေ ဥပဒေချိုးဖောက်မှု အချိုးက ပမျိုးသားတွေနဲ့စာရင် ၄ ပုံတစ်ပုံသာ ရှိတာကို တွေ့ရပါတယ်။

အမျိုးသားတွေဟာ အရက်မူးပြီးကားမောင်းခြင်း၊ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ ဂရုမစိုက်ပဲ မောင်းနှင်ခြင်းနဲ့ အာမခံမထားပဲ မောင်းနှင်ခြင်းနဲ့အတူ လမ်းစည်းကမ်းချိုးဖောက်တဲ့ အပြုအမူများစွာကိုလည်း ပြုမူသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေကတော့ ကားမောင်းတဲ့အခါ ဂရုတစိုက်မောင်းနှင်လေ့ရှိတဲ့အတွက် သူတို့ကြောင့် ယာဉ်မတော်တဆမှု ဖြစ်နိုင်ခြေ နည်းပါးပြီး အာမခံကြေးပြန်လျော်ရတာလည်း နည်းပါးတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ယာဉ်မောင်းတဲ့နေရာမှာ တော်တယ်၊ ညံ့တယ်ဆိုတာကို ဖို/မ ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုး စတဲ့ ကွဲပြားမှုတွေအပေါ် မူတည်ပြီး ပုံသေအုပ်စုခွဲကာ သတ်မှတ်၍ မရကြောင်း ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ယာဉ်မောင်းတဲ့နေရာမှာ ပိုတော်ပြီး၊ ပို၍လည်း လုံခြုံစိတ်ချရမှုရှိကြောင်း တရားဝင်ထုတ်ပြန်ထားပါတယ်။


13 Nov 2019     1,934 Views




RELATED

Most Popular of Special or Others

Most Popular of NEWS