BEC-TERO TV

အွန်လိုင်းမှာ ရာဂစိတ်ကို အစာကျွေးဖို့ သမီးငယ်လေးကို ရောင်းစားတဲ့ ဖခင်

14 Nov 2019     1,443 Views


အင်တာနက်ဆိုတဲ့ နည်းပညာကြီး အရှိန်အဟုန်နဲ့ တိုးတက်လာပြီးတဲ့နောက်မှာ လူသားတွေရဲ့ ကျင့်ဝတ်တွေ စောင့်ထိန်းအပ်တာတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ တန်ဖိုးထားတတ်မှုတွေ အားလုံးဟာ ပြောင်းပြန်အချိုးကျပြီး လူမှုဘဝရဲ့ ကဏ္ဍတိုင်းမှာ ဆုတ်ယုတ်ပျက်ဆီးလာနေပါတယ်။

တရုတ်နိုင်ငံ ဖူဂျီယန်စီရင်စုက ဖခင်တစ်ဦးဟာ သူ့ရဲ့ သမီးငယ်လေးကို အွန်လိုင်းကနေတစ်ဆင့် အခြားလင်မယားစုံတွဲကို တရုတ်ယွမ် ၈၀,၀၀၀ (ကျပ်သိန်း ၁၇၀ ကျော်) နဲ့ ရောင်းစားခဲ့ပါတယ်။ သူဟာ ဘာကြောင့်များ ဒီလောက်များတဲ့ ပိုက်ဆံတွေကို သေရေးရှင်ရေး လိုနေတာပါလိမ့်..?

သမီးလေးကို ရောင်းချရာက ရလာတဲ့ ပိုက်ဆံတွေကို အွန်လိုင်းပေါ်က ပျော်တော်ဆက် ဖော်ချွတ်မယ်တွေကို ပိုက်ဆံပေးပြီး စိတ်ကြိုက်ကြည့်နိုင်ဖို့ အသုံးပြုခဲ့ပါတယ်။ အစပိုင်းမှာ အားလုံးအဆင်ပြေပြေရှိနေခဲ့ပေမယ့် ကလေးကို ဝယ်သွားခဲ့တဲ့ လင်မယားက ကလေးအတွက် မှတ်ပုံတင်လျှောက်တဲ့အချိန်မှာ မွေးစာရင်းအတု သုံးခဲ့တာကြောင့် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာမှ အဖြစ်မှန်တွေပေါ်လာခဲ့ပါတယ်။

ကလေးရဲ့ဖခင်ဖြစ်တဲ့ ‘မစ္စတာလု’ ဆိုသူဟာ ကြားပွဲစားနှစ်ယောက်ကနေတစ်ဆင့် ၂၀၁၇ ခုနှစ်တုန်းက သားလေးပျောက်ဆုံးသွားလို့ ပူဆွေးသောကရောက်နေတဲ့ ဇနီးမောင်နှံနဲ့ အွန်လိုင်းပေါ်မှာ ချိပ်ဆက်မိခဲ့ပါတယ်။ သူ့အနေနဲ့လည်း ဇနီးသည် အိမ်ကနေထွက်သွားပြီး ပြန်ရောက်မလာတော့တဲ့အတွက် သမီးလေးကို စောင့်ရှောက်ဖို့ အခက်ကြုံနေကြောင်း ထိုလင်မယားကို ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက် သဘောတူညီချက်နဲ့ ယွမ် ၈၀၀,၀၀၀ ပေးကာ ကလေးအပြီးအပိုင်မွေးစားခွင့်ပြုကြောင်း စာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ပြီး ကလေးကိုပါ ပေးခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့ “မစ္စတာလု” ဟာ ဖော်ချွတ်မယ်တွေကို စွဲလမ်းတပ်မက်တဲ့စိတ်နဲ့ ကိုယ့်ကလေးကို ရောင်းစားတဲ့ လူကုန်ကူးမှုနဲ့ တရားဆွဲခံထားရပါတယ်။ ကလေးကိုတော့ ဘယ်သူတွေက စောင့်ရှောက်ပေးထားလည်းဆိုတာကိုတော့ ရှင်းလင်းစွာ မသိရှိရပါဘူး။ ကံကောင်းရင်တော့ သူ့ရဲ့မွေးစား မိဘတွေကပဲ ဆက်လက် မွေးစားခွင့် ရကောင်းရသွားနိုင်ပါတယ်။


14 Nov 2019     1,443 Views




RELATED

Most Popular of Special or Others

Most Popular of NEWS