BEC-TERO TV

လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့ ပြင်ဆင်လာတဲ့ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဆန်ချို

14 Nov 2019     1,395 Views


ဒေါ့မွန်အသင်း လူငယ်ကြယ်ပွင့်ကစားသမား ဆန်ချိုဟာ  စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အတွက် လာမယ့်နွေရာသီမှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ သူကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ဆန်ချိုကို ခေါ်ယူဖို့ လီဗာပူးလ်အပြင် မန်ယူ ၊ ရီးရဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီ ၊ ဘိုင်ယန်မြူးနစ် တို့လိုအသင်းကြီးတွေက စောင့်ကြည့်နေတယ်လို့သိရပြီး ဒေါ့မွန်အသင်းက ဆန်ချိုအတွက် ပြောင်းရွေ့ကြေး သန်း (၁၀၀) ရမှသာ လက်ခံနိုင်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာဗျူးမှာ ဆန်ချိုဟာ ချဲလ်ဆီးအသင်းမှ ဒရော့ဘာ ၊ လမ်းပတ်တို့ကို အားကျရတဲ့ ကစာသမားတွေလို့ ဖွင့်ဟထားပြီး ချဲလ်ဆီးအသင်းကသာ ကစားသမားသမား ခေါ်ယူခွင့် အယူခံအောင်မြင်ပါက အင်္ဂလန်လက်ရွေးစင် ဆန်ချိုကို ခေါ်ယူမလားဆိုတာလည်း စိတ်ဝင်စားရာပါ။

ဆန်ချိုကိုင်တိုင်ကလည်း ဒေါ့မွန်အသင်းမှာ ကစားရတာ စိတ်ပျက်နေတဲ့ ပုံစံဖြစ်နေပြီး ဒီရာသီမှာလည်း ပုံစံကောင်းပြသဖို့ရုံးကန်နေရပါတယ်။ ဆန်ချိုဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ(၅၉) ပွဲကစားထားပြီး (၁၄) ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ နောက်ရာသီမှာတော့ အင်္ဂလန်လူငယ်ကြယ်ပွင့် ဆန်ချို ဘယ်အသင်းမှာ ကစားမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။


14 Nov 2019     1,395 Views




RELATED

Most Popular of Football

Most Popular of Sport