BEC-TERO TV

မြန်မာဘောလုံးချစ် ပရိတ်သတ်တွေ ပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့ မြန်မာအသင်းကို ဦးဇော်ဇော် ကကျပ်သိန်း (၇၀၀) ဂုဏ်ပြုချီးမြင့်

15 Nov 2019     1,398 Views


မနေ့ညက မန္တလေးမြို့ မန္တလာသီရိကွင်းမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၂၀၂၀ ခြေစစ်ပွဲမှာ မြန်မာလက်ရွေးစင်အသင်းဟာ တာဂျစ်ကစ္စတန်အသင်းကို ၄-၃ ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။  ထို့​ကြောင့် မြန်မာဘောလုံးချစ် ပရိတ်သတ်တွေကို ပျော်ရွင်မှုပေးနိုင်ခဲ့တဲ့ မြန်မာအသင်းကို ဦးဇော်ဇော် AYA Bank မှကျပ်သိန်း (၇၀၀)ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ၂၀၂၂ ခြေစစ်ပွဲတွင် မြန်မာအသင်းဟာ ၄ ပွဲကန်ထားပြီး ၃ ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။ ဂျပန် ၊ မွန်ဂိုးလီယား ၊ ကာဂျစ်ကစ္စတန် အသင်းတို့ကို ရဂိုးမရှိဘဲ ပေးဂိုးများစွာဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် မနေ့က ပွဲမှာတော့ သွင်းဂိုး (၄) ဂိုးအထိမြင်တွေ့ခဲ့ရပြီး အနိုင်ရလဒ်ကိုပါ ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက မြန်မာ ဘောလုံးအဖွဲချုပ်ဟာ မြန်မာလက်ရွေးစင်အသင်းနည်းပြ ရာဂျူးလိုဗစ်ကို နည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ပြီး အရင်ကလက်တွဲခဲ့ဖူးတဲ့ ဂျာမန်နည်းပြ အန်တွမ်နီဟေးကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။ အန်တွမ်နီဟေးကို ပြန်လည်ကိုင်တွယ်ပြီးနောက်ပိုင်း မြန်မာအသင်းဟာ ခြေစွမ်းပိုင်းပြန်လည် ကောင်းမွန်လာခဲ့ပြီး နိုင်ပွဲတွေရရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မြန်မာအ​သင်းနည်းပြ အန်တွမ်နီဟေးက ‘ တာဂျစ်ကစ္စတန်အသင်းက တောင့်တင်းတဲ့အသင်းဖြစ်တာကြောင့် နိုင်ပွဲရလို့ ကျေနပ်မိပါတယ်။ နိုင်ပွဲကြောင့် ကစားသမားတွေ ယုံကြည်မူတိုးလာပြီး မွန်ဂိုလီးယားနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပြောင်း အလဲကလည်း နိုင်ပွဲရဖို့ အဓိက အချက်ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ လာမယ့်ပွဲတွေမှာ ပိုအားပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီပွဲရဲ့ အားနည်းချက်တွေကိုလည်းပြင်ဆင်ပြီး နောက်ပွဲတွေအတွက် တစ်ဆင့်ချင်း ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။’  လို့ပြောကြားခဲ့ပါတယ်။

နီပေါအသင်းအား ခြေစမ်းပွဲတွင် ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းနှင့် စိတ်ဓာတ် ကျဆင်းခြင်း မရှိဘဲ အကောင်းဆုံး စိတ်ဓာတ် စုစည်းမှုဖြင့် ယှဉ်ပြိုင် ကစားနိုင်ခဲ့ခြင်း ၊ ကာဂျစ်ကစ္စတန်အသင်းကို အနိုင်ရရှိခြင်း၊ မြန်မာဘောလုံးချစ် ပရိတ်သတ်တွေကို ပျော်ရွင်မှုရအောင် လုပ်ဆောင်နိုင်ခြင်းကြောင့် AYA Bank ဦးဇော်ဇော်မှကျပ်သိန်း ၇၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။


15 Nov 2019     1,398 Views




RELATED

Most Popular of Football

Most Popular of Sport