BEC-TERO TV

ရန်ကုန်က အနုပညာရှင်တွေနဲ တွေ့ဆုံခဲ့တဲ့ Tik Top ဆယ်လီ မမနှစ်ဦး

19 Nov 2019     1,505 Views


Tik Top အက်ပလီကေးရှင်းမှာ ဟာသဗီဒီယိုလေးတွေတင်ဆက်ရာမှ နာမည်ကြီးလာတဲ့ မန္တလေးတိုင်း ၊ ကျောက်ပတောင်းမြို့နယ်က Tik Top ဆယ်လီ မမနှစ်ဦးဟာ အခုဆို ရန်ကုန်သို့ ရောက်ရှိလာခဲ့ပြီး နာမည်ကြီး အနုပညာရှင်တွေနဲ တွေ့ဆုံနေတာဖြစ်ပါတယ်။

Tik Top မှာ သူတို့နှစ်ယောက်ရဲ့ ထူးခြားတဲ့ ရယ်စရာ ဟာသတင်ဆက်ပုံတွေကြောင့် ချစ်ခင်တဲ့ ပရိတ်သတ်တွေ အများအပြားရရှိလာခဲ့ပါတယ်။ တောသူတောင်သား အညာသူ တွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်ဟာ အတိုင်အဖောက်ညီညီ ရိုးသားတဲ့ အရှိအရှိတိုင်း ဟာသတင်ဆက်ပုံတွေ​ကြောင့်လဲ အားပေးသူတွေ အများအပြားရှိလာခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ အနုပညာမြောက် ဟာသဆန်တဲ့ တင်ဆက်ပုံတွေကြောင့် ရုပ်ရှင်သရုပ်ဆောင်တွေကပါ အားပေးလာကြပါတယ်။ MRTV-4 ရဲ့ဇာတ်လမ်းတွဲ​နဲ့ နာမည်ရလာတဲ့ ဆောင်းဝတ်ရည်မေ လို့ခေါ်တဲ့ မင်းသမီးလေး တုတု ဟာဆိုရင်လည်း  ‘ သူတို့အားပေးလာတာ ကြာပါပြီ..။ သူတို့ ဗီဒီယိုတွေဆိုရင် မကျော်ဘဲ အားပေးလာခဲ့တာပါ။ ကျွန်မကတော့ ပိန်ပိန်သေးသေးလေးရဲ့ ဖန်ပါ’ လို့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရှဲပြီးတင်ခဲ့ပါတယ်။

အခုဆိုရင် သူတို့နှစ်ယောက်ဟာ ရန်ကုန်သို့ရောက်ရှိလာခဲ့ပြီး ရန်ကုန်မှ နာမည်ကြီး အဆိုတော် အနုပညာရှင်တွေဖြစ်ကြတဲ့ ရဲလေး ၊ သာစိုး ၊ ခင်လှိုင် ၊ အညာသူမချင်းဖြစ်တဲ့ ဖြူဖြူထွေးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ နာမည်ကျော် အနုပညာရှင်တွေနဲ့ အတူလက်တွဲ သရုပ်ဆောင်ခွင့်တွေလည်း ရရှိလာနိုင်ပါတယ်။ အဆိုပါ ဆယ်လီ မမနှစ်ယောက်ကို အားပေးတဲ့ ပရိတ်သတ်တွေရော ရှိကြလား..?

 


19 Nov 2019     1,505 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment