BEC-TERO TV

Time Square မျက်နှာစာမှာဖော်ပြခြင်းခံရတဲ့ ပထမဆုံး ကိုးရီးယားမင်းသမီးဖြစ်လာတဲ့ ဆောင်းဟယ်ကျို

19 Nov 2019     1,386 Views


မြန်မာပရိတ်သတ်တွေရဲ့ အသည်းဦးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကိုးရီးယား မင်းသမီး ဆောင်းဟယ်ကျိုဟာဆိုရင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ တည်ရှိတဲ့ Time Square မှာ သူမရဲ့ ဓာတ်ပုံကို ၆ ရက်တိုင်တိုင် ဖော်ပြခံသွားရမှာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ဟာ ဆောင်းဟယ်ကျိုရဲ့ မွေးနေ့ဖြစ်ပြီး Time Square မှာ မွေးနေ့အထိမ်းအမှတ်အနေနဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ၂၂ နေ့ထိ Kyo ရဲ့ ဓာတ်ပုံတွေကို နေ့စဉ်ဖော်ပြသွားမှာပဲဖြစ်ပါတယ်။ ဒီ နိုဝင်ဘာ ၂၂ ရက်နေ့မှာ Kyo က အသက် ၃၈ နှစ် ပြည့်တော့မှာပဲဖြစ်ပါတယ်။

ခုနောက်ပိုင်း နာမည်ကြီးလူကြိုက်များကြတဲ့ idols အဆိုတော်လေးတွေက အနောက်နိုင်ငံတွေကို လွှမ်းမိုးထားနိုင်ပြီး Time Square ရဲ့ မျက်နှာစာထက် ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ဆောင်းဟယ်ကျိုကတော့ Time Square မျက်နှာစာမှာ ပထမဆုံး ဖော်ပြခြင်းခံရတဲ့ ကိုးရီးယား ကြော်ငြာမင်းသမီးတစ်ဦးအဖြစ် သူမ မွေးနေ့မတိုင်ခင် ၆ ရက်တိတိ မြင်တွေ့နေရဦးမှာပဲဖြစ်ပါတယ်။

Time Square မှာ ပထမဆုံး ဖော်ပြခြင်းခံရတဲ့ ကိုးရီးယားမင်းသမီး တစ်လက်ဖြစ်လာတာကြောင့် Kyo ရော Kyo ပရိတ်သတ်တွေပါ အတိုင်းမသိ ဝမ်းသာနေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Ref:allkpop

(ပိုပိုလေး) 

 

 


19 Nov 2019     1,386 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS