BEC-TERO TV

၁၃ နှစ်သမီးကို မူးယစ်ဆေးကျွေးပြီး သက်ငယ်မုဒိန်းကျူးလွန်သူအား ဖမ်းဆီးရမိ

26 Nov 2019     6,518 Views


မော်လမြိုင်မြို့ အသက် ၁၃ နှစ်အရွယ်(ခန့်မှန်း) မိန်းကလေးကို မြင်းဆေးဟု အများသိထားကြသည့် မူးယစ်ဆေးဝါးနဲ့ အရက်တိုက်ကာ အဓ္ဓမပြုကျင့်ခဲ့ပြီးနောက် တည်းခိုခန်းထဲမှာ ပစ်သွားခဲ့မှုတစ်ခု နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။

တရားခံကို မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် ပြည်သူများ ပူးပေါင်းပါဝင်ကူညီမှုကြောင့် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ အဆိုအရ မိန်းကလေးတစ်ဦး မော်လမြိုင်မြို့ရှိ စတိုင်တည်းခိုခန်းမှ ညနေ ၅ နာရီဝန်းကျင်တွင် ထွက်လာပြီး ထိုင်ငိုနေတာကိုတွေ့ရပါတယ်၊ လူကလည်း အားပြတ်မူးဝေနေပြီး အနားကဖြတ်သွားသမျှလူတွေကို အကူညီတောင်းနေပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဘာကိစ္စမှန်းမသိပဲ  မကူညီရဲကြသဖြင့် နောက်ဆုံးမှာ အားပြတ်ပြီး နဝရတ် တည်းခိုခန်းရှေ့က တက္ကစီဂိတ်နားမှာ လဲကျသွားခဲ့ပါတယ်။ အဲဒီတော့မှ ကယ်ရီသမားတွေက ရာမညကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက် အကူအညီတောင်းပြီး ကောင်မလေးကို ဆေးရုံပို့ပေးခဲ့ပါတယ်။

ဆေးရုံက ကနဦး စစ်ဆေးမှုတွေပြုလုပ်ပြီး ရဲအမှုဖြစ်ပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ အကြောင်းကြား၍ ဆောင်ရွက်ရန် ပြောဆိုသဖြင့် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြပါတယ်။

လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် သက်ဆိုင်ရာမှ မြေနီကုန်းအုပ်ချုပ်ရေးမှူးရုံးသို့ လိုက်လာခဲ့ကြပြီး စုံစမ်းစစ်ဆေးခဲ့ရာ မိန်းကလေးမှာ ရန်ကုန်မြို့ လှိုင်သာယာမှ မြဝတီမြို့ အဲဒီကနေ မော်လမြိုင်မြို့သို့ရောက်လာခဲ့ကြောင်း မုဒိန်းမှုကျူးလွန်ခဲ့သည်ဟု သံသယရှိသူမှာ မြဝတီလိုင်းကားမောင်းတဲ့သူ ဖြစ်နေကြောင်း သိရပြီး မိန်းကလေးကို ဆေးရုံသို့ ပို့ကာ ဆေးစစ်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြသည်။

မိန်းကလေး၏ မိဘများနှင့် အဆက်အသွယ်ပြန်ရခဲ့သည်၊ မိန်းကလေးမှာ လွန်ခဲ့သော ၁၀ ရက်ခန့်က အိမ်မှပျောက်သွားသူဖြစ်ကြောင်း သိရပြီး လက်ရှိအချိန်ထိ စိတ်ပိုင်းဆိုင်ရာ မူမှန်သေးကြောင်း သိရှိရသည်။ ကလေး၏ မိဘများကို မော်လမြိုင်မြို့သို့ ခေါ်ယူကာ မိန်းကလေးအား စောင့်ရှောက်ရန်စေခိုင်းထားပြီး ရဲတပ်ဖွဲ့အနေနဲ့ အမှုကိုသေချာအောင် ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

သတင်း - Zin Moe


26 Nov 2019     6,518 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS