BEC-TERO TV

အင်ဒိုနီးရှားကစားသမားတွေ မစားတဲ့ ဟင်းလျာကို စီစဉ်ပေးခဲ့တဲ့ အိမ်ရှင် ဖီလစ်ပိုင်

27 Nov 2019     1,438 Views


ဖီလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်တဲ့ အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ အိမ်ရှင်နိုင်ရဲ့ ဧည့်ဝတ်မကျေမှုတွေကြောင့် ပြိုင်ဝင်လာရောက်ယှဉ်ပြိုင်တဲ့ အာဆီယံနိုင်ငံအသီးသီးမှ အားကစားသမားတွေနဲ့ အဖွဲ့ဝင်တွေရဲ့ ရှုတ်ချဝေဖန်သံတွေကို  ကြားခဲ့ရပါတယ်။

ပွဲစီစဉ်သူတွေရဲ့ ညံ့ဖျင်းမှုတွေကြောင့် လာရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေဟာ အစားအစာပြတ်လပ်မှု ၊ သယ်ယူပို့​​ဆောင်ရေး ၊ ဟိုတယ် စတဲ့ ပြသာနာများစွာကြုံတွေ့ခဲ့ရပါတယ်။

ဖီလစ်ပိုင် အစားအသောက်ပိုင်းတာဝန်ရှိသူတွေဟာ ဟလာလ် နဲ့ ဟလာလ်မဟုတ်တဲ့ ဟင်းတွေကို ခွဲခြားနိုင်မှုမရှိခဲ့တဲ့ ဆီးဂိမ်းပွဲစီစဉ်သူတွေကို စိတ်ပျက်မိခဲ့တယ်လို့ အင်ဒိုနီးရှားအမျိုးသား ဘောလုံးအသင်းနှင့် မွတ်စ်လင်မ်မီဒီယာအရာရှိတဦး က GMA NEWS ONLINE သတင်းဌာန ကဖော်ပြလာပါတယ်။

ဖြစ်စဉ်မှာ အစားအသောက်ပိုင်းတာဝန်ရှိသူတွေဟာ လူမျိုး ၊ ဘာသာ အလိုက် စားသုံးရမယ့် အစားအစားတွေကို ကြိုတင်စီမံထားခြင်းမရှိခဲ့တာကြောင့် အင်ဒိုနီးရှား ကစားသမားတစ်ဦးဟာ ဝက်သားဟင်းကို မှားယွင်းစားခဲ့မိတာပါ။

‘အခုတော့ အများကြီး တိုးတက်လာမှုမရှိသးပါဘူး ။ နောက်တစ်ခါ အစားအစာနဲ့ပါတ်သတ်ပြီး ဒီလိုမျိုးတွေထက်မဖြစ်ဖို့ ဟလာလ် အစားအသောက်နဲ့ ဟလာလ်မဟုတ်တဲ့ အစားအသောက် ခွဲခြားနိုင်မယ်လို့ မျှော်လင့်ပါတယ် ’ အင်ဒိုနီးရှား ဘောလုံးအသင်း မီဒီယာ တာဝန်ခံ Gatot Widardoက လို့ ပြောပါတယ်။

ဖီလစ်ပိုင်း ဆီးဂိမ်းကျင်းပရေး ကော်မတီ (PHISGOC) ရဲ့ တာဝန်မကျေမှုတွေကြောင့် အခြားသော နိုင်ငံတွေမှ အားကစားသမားတွေလည်း ကိုယ့်ထမင်းကိုယ်ဘာသူဝယ်ယူစားသောက်ပြီး အဆင်ပြေအာင် လုပ်ဆောင်​နေ ကြတယ်လို့ သိရပါတယ်။

ထိုင်းအမျိုးသား ဘောလုံးအသင်းဟာ ဆိုရင်လည်း သောက်ဖို့ရေတောင် လုံလောက်အောင် မစီစဉ်ပေးတဲ့အတွက်ကြောင့် ကိုယ်တိုင် စီစဉ်သောက်သုံးနေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှသွား​ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာဘောလုံးအသင်းနဲ့ အမျိုးသမီး ဘောလုံးအသင်းတို့ကိုလည်း အစားအသောက်အဆင်မပြေမှုများ မဖြစ်စေဖို့အတွက် မြန်မာဘောလုံးအဖွဲ့ချုပ် (MFF ) က တာဝန်ယူဆောင်ရွတ်ပေးနေပြီး မြန်မာနိုင်ငံကနေ စာဖိုးမှူး အဖွဲ့လိုက်ပါလာပြီး ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေး နေရပါတယ်။

နိုင်ငံ (၁၁) နိုင်ငံပါဝင်ယှဉ်ပြိုင်တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ အင်ဒိုနီးရှား ၊ မလေးရှား ၊ဘရူနိုင်းတို့လို့ မူစလင် နိုင်ငံတွေလည်း ပါဝင်ပါတယ်။

Source ; gmanetwork

 

 


27 Nov 2019     1,438 Views




RELATED

Most Popular of Football

Most Popular of Sport