BEC-TERO TV

စိတ်ဖောက်ပြန်နေသူကို ညီမအရင်းက ၁၀ နှစ်ကြာ သစ်ပင်မှာသံကြိုးခတ်ထား(ရုပ်သံ)

28 Nov 2019     1,429 Views


စိတ်ရောဂါရနေတဲ့ အမျိုးသားတစ်ဦးကို ညီမဖြစ်သူ၏ မိသားစုနေအိမ်ခြံဝင်း အနောက်ဘက် ခပ်လှမ်းလှမ်းရှိ သရက်ပင်ကြီးတွင် ၁၀ နှစ်ကြာမျှ ကြိုးနဲ့တုပ်ထားတဲ့ သတင်းက ပြီးခဲ့တဲ့တနင်္လာနေ့မှာ လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့်ပျံ့နှံ့သွားခဲ့ပြီး သက်ဆိုင်ရာအာဏာပိုင်များ လာရောက်စစ်ဆေးမှု ဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ခဆတ်ချ်ကန်ဒယ်လ်စီရင်စုရှိ အန်လောင်းရွာလေးတွင် အသက် ၄၉ နှစ်အရွယ် လယ်သမားအမျိုးသားကြီး ‘ချန်ကင်မ်ဆန်’ ကို အသက် ၄၇ နှစ်အရွယ် ညီမဖြစ်သူ ‘ချန်ကင်မ်အန်’ က ခြံနောက်ဘက်ရှိ သရက်ပင်မှာ ခြေထောက်နှစ်ဖက်ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထဲက သံကြိုးခတ်ထားခဲ့တာဖြစ်ပါတယ်။

သစ်ပင်မှာသံကြိုးခတ်ထားခံရတဲ့ အမျိုးသားကြီးကို မြင်သွားသူတစ်ယောက်က ဗီဒီယိုရိုက်ပြီး ဖေ့စ်ဘွခ်ပေါ်တင်ခဲ့ရာမှ အဆိုပါဗီဒီယို ပျံ့နှံ့ခဲ့ပြီး ရဲတွေက ဗီဒီယိုတင်တဲ့သူကို ဆက်သွယ်မေးမြန်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုဝေဖန်မှုတွေ များပြားခဲ့ပါတယ်။

သက်ဆိုင်ရာရဲတွေနဲ့ သတင်းဌါနတွေက စုံစမ်းစစ်ဆေးခဲ့ရာ ညီမဖြစ်သူက ဖြစ်အပျက်အားလုံးကို ပြောပြခဲ့ပါတယ်။ အစ်ကိုဖြစ်သူဟာ စိတ်ဖောက်ပြန်ခဲ့ပြီးနောက် ထိန်းလို့မရအောင် သောင်းကျန်းခဲ့ပါတယ်။ မိသားစုဝင်တွေနဲ့ တွေ့သမျှ ရွာသားတွေကိုပါ တိုက်ခိုက်တာတွေ အကြမ်းဖက်တာတွေ လုပ်လာခဲ့ပါတယ်။ သူတစ်ပါးပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့မှု ၃ ကြိမ်ရှိခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရခဲ့တဲ့အတွက် ကြံရာမရတဲ့အဆုံး နောက်ဖေးက သရက်ပင်ကြီးမှာ ခြေထောက်ကို သံကြိုးခတ်ပြီး ဘယ်မှ သွားလို့မရအောင် စီမံခဲ့ကြပါတယ်။ တစ်နေ့ကို ထမင်းသုံးနပ် ပုံမှန်သွားကျွေးပြီး လုံခြုံအောင် အဲဒီနေရာမှာ တဲလေးထိုးပေးထားပေမယ့် သူ့အစ်ကိုက အဲဒီတဲကို မီးရှို့ခဲ့ပါတယ်။

အစ်ကိုဖြစ်သူရဲ့ စိတ်ရောဂါက ကုသလို့မရနိုင်တော့ပဲ အခြေအနေတွေကလည်း ပိုပိုဆိုးလာတာကြောင့် အကူညီပေးဖို့ သက်ဆိုင်ရာကို အကြောင်းကြားတင်ပြခဲ့ပေမယ့် ဘာမှအကြောင်းပြန်ကြားခြင်း၊ ကူညီပေးခြင်းမရှိတာကြောင့် သူတို့နည်း သူတို့ဟန်နဲ့ ဖြေရှင်းခဲ့ရကြောင်း ပြောဆိုပါတယ်။

 

လက်ထောက် နယ်မြေခံ မြို့တော်ဝန်နဲ့အတူ Mr.Long Navy နဲ့အတူ ဆရာဝန်နှင့် လူမှုရေးဝန်းထမ်းများ အတူလိုက်ပါလာခဲ့ကြပြီး လူနာကို ကြိုးဖြုတ်ပေးကာ ဆံပင်ညှပ်ပေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်းနှင့် အဝတ်အစားသစ်များ လဲလှယ်ပေးခဲ့ကြပြီး အာဏာပိုင်တွေက ဒီနေရာမှာ သူ့အတွက် တဲအိမ်အသစ်တစ်လုံး ထပ်ဆောက်ပေးမယ်လို့ ကတိပေးခဲ့ကြောင်း သိရှိရသည်။


28 Nov 2019     1,429 Views




RELATED

Most Popular of Special or Others

Most Popular of NEWS