BEC-TERO TV

မခိုင်လေးရဲ့အပြောကို တိတိကျကျငြင်းဆိုလိုက်တဲ့ အိမ့်ချစ်

28 Nov 2019     1,558 Views


ပရိသတ်ကြီးရေ The Mask Singer Myanmar အစီအစဉ်ကတော့ လတ်တလော တီဗီရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပြသနေကြတဲ့ အစီအစဉ်အမျိုးမျိုးထဲမှာ လူစိတ်ဝင်စားမှုများနေတဲ့ အစီအစဉ်သစ်တစ်ခုဖြစ်ပြီး Channel Me ကနေ ထုတ်လွှင့်ပြသတာ ၂ ပတ်ကျော်မျှပဲရှိပါသေးတယ်။ နိုင်ငံတစ်ကာမှာတော့ အောင်မြင်ကျော်ကြားနေတဲ့အစီအစဉ်တစ်ခုဖြစ်ပြီး မြန်မာပြည်မှာတော့ ယခုမှပထမဆုံးအကြိမ်အနေနဲ့ ပြုလုပ်တဲ့အစီအစဉ်သစ်တစ်ခုဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

နယ်ပယ်အသီးသီးက ပြည်သူချစ် အနုပညာရှင်တွေက ပင်ကိုမူလသဏ္ဌန် သရုပ်မှန်တွေကိုဖုံးကွယ်ပြီး လှည့်ဖျားကျီစယ်မှုကို ဒိုင်အဖြစ်နဲ့ပါဝင်တဲ့ ဆယ်လီစုံထောက်တွေက ပရိသတ်တွေနဲ့အတူ ဝိုင်းဝန်းခန့်မှန်းပြီး အဖြေဖော်ထုတ်ရတာဖြစ်ပါတယ်။ လတ်တလောပြသနေတဲ့ အစီအစဉ်တွေထဲမှာတော့ အင်မတန်မှစိတ်ဝင်စားစရာကောင်းပြီး အပျော်တွေ၊ ဟာသတွေပြည့်နှက်နေတဲ့ အစီအစဉ်တစ်ခုမို့ စတင်ထုတ်လွှင့်ပြသတဲ့ ပထမအပတ်ထဲက လူကြိုက်များနေတာဖြစ်ပါတယ်။

ပထမပိုင်းမှာ Group A၊ B၊ C သုံးခုခွဲကာ Group တစ်ခုစီမှာ ဆယ်လီသုံးယောက်ပါဝင်ပြီး သီချင်းသီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရှေ့တစ်ပတ်က ပြသသွားတဲ့အပိုင်းမှာတော့ Group A က ကျားမျက်နှာဖုံးရှင်ရဲ့သရုပ်မှန်ကိုဖော်ထုတ်သွားခဲ့ပြီး ပရိသတ်အချစ်တော် မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်က ကျားမျက်နှာဖုံးရဲ့အောက်ကနေ ဆယ်လီစုံထောက်တွေနဲ့ ပရိသတ်တွေမသိအောင် ပိပိရိရိလေး လှည့်စားခဲ့တာဖြစ်ပါတယ်။

မနက်ဖြန် သောကြာနေ့မှာပြသမယ့်အပိုင်းမှာတော့ Group B က ဇော်ဂျီ၊ ဇီးကွက်နဲ့ သီးမွှေးတို့ရဲ့ သရုပ်မှန်ကို ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ မျက်နှာဖုံးနောက်ကွယ်က ဆယ်လီတွေက ဘယ်သူဖြစ်မလဲဆိုတာကို ပရိသတ်တွေကလဲ အပြိုင်အဆိုင်ခန့်မှန်းနေကြသလို ဆယ်လီစုံထောက်တွေကလဲ သူတို့ခန့်မှန်းမိသူတွေကို ထင်ကြေးပေးပြောဆိုခဲ့ကြပါတယ်။ ထိုထဲမှာ ကိုယ်လုံးကိုယ်ပေါက် ခပ်ပြည့်ပြည့် အမူအယာကောင်းကောင်းနဲ့ စားချင်စဖွယ် ရင့်မှည့်နေတဲ့ သီးမွှေးပုံစံနဲ့ ပါဝင်ထားတဲ့ ဆယ်လီကိုတော့ အဆိုတော် ဂျင်းနီလို့လဲ ခန့်မှန်းကြသလို၊ အိမ့်ချစ်လား၊ အိုင်ရင်းဇင်မာမြင့်လားဆိုပြီး ဆယ်လီစုံထောက်တွေက ခန့်မှန်းခဲ့ကြပါတယ်။

 “အိမ့်ချစ်က အဲ့လောက်မကိတ်ဘူး”ဆိုတဲ့ ခိုင်သင်းကြည်ရဲ့အပြောကို တစ်ခြားသောဆယ်လီစုံထောက်တွေနဲ့ ကြည့်ရှုနေကြတဲ့ပရိသတ်တွေပါ ပွဲကျခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး အဆိုတော်အိမ့်ချစ်ကိုယ်တိုင်က ပရိသတ်တွေကို စကားလေးတစ်ခုပြောလိုက်ပါတယ်။ အိမ့်ချစ်က လတ်တလောလူမှုကွန်ယက်ပေါ်မှာပြန့်နေတဲ့ဓာတ်ပုံလေးနဲ့အတူ “ဘယ်သူပဲဖြစ်ဖြစ် သီးမွှေးက အိမ့်ချစ်မဟုတ်တာသေချာတယ်” ဆိုကာ သူမ မဟုတ်ကြောင်းကို သဘောကျစွာနဲ့ရေးသားလိုက်တာဖြစ်ပါတယ်။

ကဲ ပရိသတ်ကြီးရေ… သီးမွှေးကတော့ မခိုင်လေးပြောသလို အိမ့်ချစ်မဟုတ်ပါဘူးတဲ့နော်… မနက်ဖြန်လာမယ့် အပိုင်းမှာ ဘယ်မျက်နှာဖုံးရှင်ကို ဖော်ထုတ်မလဲဆိုတာ ခုကတည်းကရင်ခုန်နေပါပြီနော်… မကြည့်ရသေးတဲ့သူတွေနဲ့ ကြည့်ပြီးသားသူတွေလဲ ပြန်ခန့်မှန်းလို့ရအောင် သီးမွှေး၊ ဇော်ဂျီနဲ့ ဇီးကွက်တို့ရဲ့ သီဆိုယှဉ်ပြိုင်မှု ဗီဒီယိုကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

 

(ပိုပိုလေး)


28 Nov 2019     1,558 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment