BEC-TERO TV

ဂိုးသမားမရှိတဲ့ ဂိုးပေါက်ကို ချော်ကန်ခဲ့တဲ့ မန်ယူလူငယ်ကစားသမားလေး တာတစ်ချောင်

29 Nov 2019     1,362 Views


မနေ့ညက မန်ယူအသင်းဟာ အက်စတာနာအသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်တဲ့ပွဲမှာ မန်ယူလူငယ်ကစားသမားလေး တာတစ်ချောင်ဟာ ဂိုးအဖြစ်သေချာပေါက်ဖြစ်စေနိုင်တဲ့ အခွင့်အရေးကို လွှဲချော်ခဲ့ပါတယ်။

မန်ယူအသင်းဟာ နောက်တစ်ဆင့်ကို တက်ရောက်ပြီးသားဖြစ်တာကြောင့် မနေ့ကပွဲမှာ လူငယ်ကစားသမားအများစုကို အသုံးပြုခဲ့ပြီး ဘောအသာစီးနဲ့ ကစားထားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်ချက်ကြောင့် အက်စတာနာအသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပထမပိုင်းမှာ ဖိဖိစီးစီးကစားထားနိုင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ပါဝင်လာတဲ့ လင်ဂတ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ အက်စတာနာအသင်းက ဖိအားပေးလာခဲ့ပြီး ချေပဂိုး ၊ အနိုင်ဂိုးတွေကို ခွင့်ပြုပေးလိုက်ရတာဖြစ်ပါတယ်။

ဒီပွဲမှာ ဂိုးပေါက်လွဲခဲ့တဲ့ တာတစ်ချောင်ကို ပရိတ်သတ်တွေက ဝေဖန်မှုတွေရှိခဲ့ပြီး စီနီယာအသင်းကြီး အတွက် ကစားဖို့ ထိုက်တန်မှုမရှိဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ တချို့ပရိတ်သတ်တွေက အာဆင်နယ်အသင်းကို စံချိန်တင်ပြောင်းရွေ့ကြေး ပြောင်းလာတဲ့ နီကိုလပ် ပီပီနဲ့ နှိုင်းယှဉ်ပြီး “ ပီပီအသေးစား”ဆိုပြီးလှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ အပြစ်မဆိုခဲ့ဘဲ တာတစ်ချောင်ဘက်ကနေ  ကာကွယ် ပြောဆိုခဲ့ပါတယ်။ နည်းပြဆိုးရှားလ်က ‘ဘယ်သူမဆို ဒီလိုအမှားမျိုးကို ကျူးလွန်မိနိုင်ပါတယ်။ ဒီကနေပဲ သင်ယူသွားရမှာပါ ။ ကျတော်ဆိုလည်း အဲ့လိုမျိုးတွေ ကြုံခဲ့ဖူးပါတယ် ’ လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

တာတစ်ချောင် အမှားဟာ ဖြစ်သင့်တဲ့ အမှားလား ? မဖြစ်သင့်တဲ့ အမှားလား ?

 


29 Nov 2019     1,362 Views




RELATED

Most Popular of Football

Most Popular of Sport