BEC-TERO TV

မြန်မာအိုင်ဒေါမှာ ပြိုင်ပွဲဝင်တွေထက် လူပိုစိတ်ဝင်စားခြင်းခံနေရတဲ့ ဖြူဖြူကျော်သိန်း

29 Nov 2019     1,451 Views


တစ်ပြည်လုံးအတိုင်းအတာနဲ့ စိတ်ဝင်တစားကြည့်ရှုအားပေးကြတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကတော့ တစ်ပတ်ပြီးတစ်ပတ်အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြိုင်ပွဲဝင်တစ်ချို့ကလဲ မြန်မာအိုင်ဒေါမှ နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါပြီ။ ကြီးကျယ်ခမ်းနားတဲ့ အဆိုပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး ပရိသတ်တွေက အရည်အချင်းရှိတဲ့ဘယ်ပြိုင်ပွဲဝင်က မက်လောက်စရာ Winner ဆုကြီးကို ရရှိမလဲဆိုတာ စိတ်ဝင်စားကြတာလဲဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ဒါ့ကြောင့် တစ်ပတ်တစ်ပတ် ဘယ်ပြိုင်ပွဲဝင်တွေက အကောင်းဆုံးပုံစံနဲ့ သီဆိုယှဉ်ပြိုင်ပြီး ဘယ်သူကတော့ စောစီးစွာပြုတ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ မြန်မာအိုင်ဒေါမှာ ပြိုင်ပွဲဝင်တွေနဲ့ထပ်တူ ပရိသတ်စိတ်ဝင်စားခြင်းခံရတဲ့ နောက်တစ်ဦးရှိပါသေးတယ်။ သူကတော့ မြန်မာအိုင်ဒေါ Season 4 ရဲ့ဒိုင်တစ်ဦးဖြစ်သူ ဖြူဖြူကျော်သိန်းပဲဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းကတော့ သူမရဲ့သီချင်းဆိုပုံဆိုဟန် အသံနေအသံထား သူမတူစွာ ထူးခြားဆန်းပြားတဲ့ ဝတ်စားဆင်ယင်မှုဖက်ရှင်တို့ကြောင့် နာမည်ကြီးလာသူဖြစ်ပါတယ်။ မြန်မာနိုင်ငံက လေဒီဂါဂါလို့တောင် တင်စားခိုင်းနှိုင်းကြတဲ့ထိ လူတွေကဖြူဖြူကျော်သိန်းဆိုတာနဲ့ သူမရဲ့အမိုက်စား အလန်းစားဖက်ရှင်ကြီးတွေကိုပါ ပြေးမြင်မိကြတာပါ။

ဒီနှစ်မှာတော့ ဖြူဖြူက မြန်မာအိုင်ဒေါရဲ့ဒိုင်တစ်ဦးအနေနဲ့ပါဝင်လာတာကြောင့် ပရိသတ်တွေက ဖြူဖြူတစ်ယောက် ဘယ်လိုမျိုးဖက်ရှင်တွေကို ဝတ်စားပြီးပွဲထွက်မလဲဆိုတာကို အစတည်းကစိတ်ဝင်စားနေခဲ့ကြတာပါ။ ဒါ့ကြောင့်လည်း တစ်ပတ်တစ်ပတ် ပြိုင်ပွဲဝင်တွေရဲ့သီဆိုယှဉ်ပြိုင်မှုကိုသာမက ဖြူဖြူ့ရဲ့ဖက်ရှင်တွေကိုပါ စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။

ဖြူဖြူကလဲ ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ရကျိုးနပ်အောင် မြန်မာအိုင်ဒေါရဲ့ ပထမဆုံး Performance Live ညမှာတင် ဖက်ရှင်အလန်းစားကြီးနဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးညမှာပင် ပွဲအလယ်မှာထင်ရှားနေခဲ့တဲ့ ဖြူဖြူဖက်ရှင်စတိုင်က ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာသာမက Troll Group တွေထဲထိပါပျံ့နှံ့ကုန်တာဖြစ်ပါတယ်။ နောက်ညမှာလဲ ဖြူဖြူက ဖက်ရှင်အဆန်းကြီးနဲ့ ထပ်မံပွဲထွက်ခဲ့ပါတယ်။

တစ်ပတ်တစ်ပတ် ဖြူဖြူ့ရဲ့ဖက်ရှင်စတိုင်တွေက ပရိသတ်တွေကို မျက်စိကျစေခဲ့သလို မြန်မာအိုင်ဒေါမှာ ပြိုင်ပွဲဝင်တွေနဲ့ထပ်တူ လူစိတ်ဝင်စားခြင်းခံနေရတာဖြစ်ပါတယ်။ Week 5 ထိဖြတ်သန်းခဲ့ပြီးနောက် ဖြူဖြူဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

Week 5 ရဲ့ result show မှာလဲ ဘယ်လိုဖက်ရှင်နဲ့ ပွဲထွက်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။  ဖြူဖြူ့ရဲ့ဘယ်ဖက်ရှင်တွေကို ကြိုက်လဲ ပြောပြပေးခဲ့ဦးနော်…

 

(ပိုပိုလေး)


29 Nov 2019     1,451 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment